10 May 2024

ဆင်းရဲခြင်းအဆင့်မှလွတ်မြောက်ရန် သက်ကြီးထောက်ပံ့ကြေးကို ဘတ် ၃၀၀၀ တိုးမြှင့်ပေးလျှင်အခွန် ၂ ဆ တိုးမြှင့်ရမည်ဟု ထိုင်းဗဟိုဘဏ် ဆို

 

လာမည့်နှစ် ၂၀ တွင်လူဦးရေမြှင့်တက်လာမည့်ထိုင်းသက်ကြီးရွယ်အိုပြဿနာကိုဖြေရှင်းရန်အတွက် ငွေကြေးဖောင်းဖွနှုန်းအရ ဆင်းရဲခြင်းအဆင့်မှလွတ်မြောက်ရန် သက်ကြီးထောက်ပံ့ကြေးကို လစဉ် ၃ ထောင်ဘတ်တိုးမြှင့်ပေးမည်ဆိုလျှင်စနစ်ခိုင်မာရေးအတွက် တန်ဖိုးမြှင့်အခွန် (VAT) ကို ၂ ဆ သို့မဟုတ် ၁၆.၉% တိုးမြှင့်ရမည်ဟု ထိုင်းဗဟိုဘဏ်အကြီးတန်းသုတေသီ ဒေါက်တာ နဒါ ဝစီး ကဆိုသည်။

 

လက်ရှိတွင်ထိုင်းနိုင်ငံအနေဖြင့်အစိုးရမှစီစဉ်ပေးထားသောသက်ကြီးရွယ်အိုဝင်ငွေထောက်ပံ့ကြေးစနစ်သုံးလေးခုရှိနေပြီး ထိုင်းနိုင်ငံသားအားလုံးကိုလွှမ်းခြုံသော်လည်း သက်ကြီးရွယ်အိုအိမ်ထောင်စုများ၏ဆင်းရဲမွဲတေမှုနှင့်အစိုးရ၏ဘဏ္ဍာရေးခိုင်မာမှုတို့အပေါ်ကဏ္ဍအသီးသီးကစိုးရမ်မှုများရှိလာသည်။

 

မည်စို့ဆိုစေကာမူ တိုးတက်လာသည့်သက်ကြီးရွယ်အိုလူဦးရေနှင့်ငွေကြေးဖောင်းဖွမှုနှုန်းကြောင့် ရှေ့အနာဂတ်တွင် သက်ကြီးထောက်ပံ့ကြေးနှုန်းထားကို ထိုင်းအစိုးရက တိုးမြှင့်ရဖွယ်မြင့်မားနေသည်ဟု လေ့လာစမ်းစစ်ချက်များက ဖော်ပထားသည်။

 

 

ရေရှည်ခန့်မှန်းချက်အရ ဆင်းရဲမွဲတေမှုလျှော့ချနိုင်ရန်နှင့်ထောက်ပံ့ကြေးစနစ်မကွယ်ပျောက်သွားစေရန်သက်ကြီးလစဉ်ထောက်ပံ့ကြေးကို ငွေကြေးဖောင်းပွနှုန်းနှင့်ဟန်ချက်ညီအောင်တိုးမြှင့်ရန်လိုအပ်ပြီး ဆင်းရဲခြင်းအဆင့်အထက်ရှိ လစဉ် ဘတ် ၃ ထောင်တိုးမြှင့်ပေးရန်လိုအပ်လာမည်ဟု ဆိုသည်။ ထိုသို့ တိုးမြှင့်ပေးနိုင်ရန်အတွက် အစိုးရကြွေးမြည်ကို ၆၀% တွင်ထိန်းထားရန်လိုအပ်ပြီး တန်းဖိုးမြှင့်အခွန် (VAT) ကို ၂ ဆ သို့မဟုတ် ၁၆.၉% တိုးမြှင့်ကောက်ခံရန်လိုအပ်သည်ဟု ဖော်ပြထားသည်။

 

“လေ့လာချက်များအရ ထောက်ပံ့ကြေးစနစ်အသီးသီးတွင် မလုံလောက်မှု၊ ဘဏ္ဍာရေးမခိုင်မာမှု စသည့်ပြဿနာအမျိုးမျိုးရှိနေသည်ဟု တွေ့ရှိရသည်။ ထို့ပြင် စနစ်တခုနှင့်တခုချိတ်ဆက်ထားခြင်းမရှိခြင်းကြောင့် စုပေါင်းဆွေးနွေးဖလှယ်နိုင်မည့်ပလက်ဖောင်းတစ်ခုလိုအပ်နေပြီး လက်ရှိတွင် ထိုင်းအစိုးရမှ အမျိုးသားပင်စင်ကော်မတီမူကြမ်းတစ်ရပ်ကိုရေးဆွဲနေပြီး ရန်ပုံငွေကိုဗဟိုပြုသည့်စနစ်မှ ပြည်သူကိုဗဟိုပြုသည့်ထောက်ပံ့ကြေးစနစ်ကိုအကောင်အထည်ဖော်မည်ဟု” ဆက်လက်ဖော်ပြထားသည်။

 

သို့သော် တန်ဖိုးမြှင့်အခွန်ကိုတိုးမြှင့်ခြင်းဖြင့် သက်ကြီးရွယ်အိုးများ၏ဆင်းရဲမွဲတေမှုပြဿနာကိုဖြေရှင်းသည့်မူဝါဒသည် ကုန်ဈေးနှုန်းတက်လာမည်၍ ဆင်ရဲမွဲတေမှုပြဿနာကို ထင်သလောက်ဖြေရှင်းနိုင်မည်မဟုတ်ဟု ဆိုသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS