27 April 2024

မြန်မာအမျိုးသမီးဗိုက်ကြီးသယ်ကိုမွေးခါနီးလစ်လျူရှုထားခဲ့လို့ ကလေးသေဆုံးသွားခဲ့ရတဲ့အပေါ် ရနောင်းသူရနောင်းသားများကျန်းမာရေးဝန်ထမ်းတွေကို မကျေမနပ်ဖြစ် !

ရနောင်းမြို့မှာ ကိုယ်ဝန်ရင့် မြန်မာအမျိုးသမီး ဗိုက်ကြီးသည်တစ်ဦးဟာ ဗိုက်နာလို့ ရနောင်းခရိုင် ကရဘူရီရှိ ကျန်းမာရေးဌာနသို့သွားခဲ့ရာ ဆရာဝန်တွေက ဂရုမစိုက်ခဲ့လို့ အိမ်သာသွားရင်း အိမ်သာထဲမှာပဲ ကလေးထွက်ကျလာပြီး ကလေးကိုအချိန်မီ မမွေးထုတ်ပေးနိုင်ခဲ့တာကြောင့် ကလေးအသက်ဆုံးရှုံးသွားခဲ့ရ တဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။

 

ဒီဖြစ်ရပ်ကို မခံမရပ်နိုင်ဖြစ်ပြီး ဗီဒီယိုရိုက်ထားတဲ့ ထိုင်းနိုင်ငံသားတစ်ဦးက ‘คนทุกปาล์ม กรดแก้ว’ ဆိုတဲ့ ဖေ့ဘွတ်ကနေ ဖေ့ဘွတ်စာမျက်နှာပေါ်တင်ခဲ့တာပါ။ အဲဒီဗီဒီယို ပြန့်သွားပြီး အချိန်ပိုင်းအတွင်းမှာပဲ ရနောင်းသူရနောင်းသား ထိုင်းလူမျိုးများဟာလည်း ကျန်းမာရေးဌာနက လူမဆန်တဲ့လုပ်ရပ်အပေါ် မခံမရပ်နိုင် ဖြစ်ခဲ့ကြရတယ်လို့သိရပါတယ်၊။

 

အဲဒီဖြစ်ရပ်ကို အစအဆုံးတွေ့မြင်ခဲ့ရတဲ့ထိုင်းအမျိုးသားတစ်ဦးဟာ ဗီဒီယိုရိုက်ထားပြီးထိုင်းနိုင်ငံတောင်ပိုင်း ဘာသာစကားနဲ့ အခုလိုပြောခဲ့တာပါ။

 

“ရနောင်ခရိုင် ကရဘူရီမြို့နယ် ထုန့်မဖောင်း က ကျန်းမာရေးဌနက ခွဲခြားဆက်ဆံနေတာပါ၊ မြန်မာအမျိုးသမီးတစ်ဦး ဗိုက်နာလို့ ဆေးခန်းလာပြတာကို လူမဆန်စွာပြောဆိုတယ်၊ အော်တယ် ငေါက်တယ်။ နောက်ပြီးမောင်းထုတ်လိုက်တယ်၊ ခနကြာတော့ မြန်မာအမျိုးသမီးက အိမ်သာထဲမှာပဲ ကလေးမွေးသွားတယ် ကျွန်တော်တို့က ဆရာဝန်သွားခေါ်ပြန်တော့လည်း ဟိုလိုဒီလိုလုပ်နေတယ်၊ အခုကလေးကအသက်မရှိတော့ဘူး လူသားခြင်းမစာနာကြဘူးလား မြန်မာနိုင်ငံသားတွေလည်း လူသားတွေပဲမဟုတ်ဘူးလား ဘာလို့ဒီလောက်တောင် ခါးသီးစွာဆက်ဆံနေရတာလဲ…အခုဖြစ်ရပ်အပေါ် ဘယ်သူတာဝန်ယူမလဲ” အစရှိသဖြင့် ပြောဆိုခဲ့တာပါ။

 

အဲဒီဗီဒီယိုရဲ့အောက်မှာ ရနောင်းသူရနောင်းသားထိုင်းနိုင်ငံသားများဟာ ကျန်းမာရေးဌာနက ဝန်ထမ်းတွေကို ရှုံ့ချ ပြောဆိုထားကြတာကိုတွေ့ရပါတယ်။

 

အောက်တိုဘာလ ၁၀ ရက်နေ့မှာ ထိုင်းသတင်းတွေက အဲဒီသတင်းကို ဖေါ်ပြခဲ့ကြပြီး ရနောင်ခရိုင်က ကျန်းမာရေးမှုးလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ဖြေရှင်းချက်ပေးဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS