28 April 2024

Paragon မှာ၁၄နစ်အရွယ်ကလေႊ လူမျာႊကိုပစ်သတ်ခဲ့ ။
(အောက်တိုဘာ ၃ ရက်၊ ၂၀၂၃) ည ၈း၀၀ နာရီအချိန်၊ ထိုင်းဘုရင့်ရဲကော်မရှင်နာ ဗိုလ်ချုပ်ကြီး Torsak Sukwimonက Siam Paragon ကုန်တိုက်စတိုးဆိုင်အတွင်း၌ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စွပ်စွဲခံရသူမှာ ကလေးသူငယ်ဥပဒေဖြင့် အကာအကွယ်ပေးထားသည့် အရွယ်မရောက်သေးသူဖြစ်သည်။ ယခုအခါထို ကလေးအား စစ်ဆေးမေးမြန်းရန် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ စစ်ကြောရေးတွင် ဘက်စုံ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ပါ၀င်ပါမည်။ ကလေး၏ ကိုယ်ရေးကိုယ်တာကိစ္စအား ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း အစပိုင်းတွင်ထိုကလေႊက စိတ်ရောဂါရှိပြီႏ ရာဂျဝိသီဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့သော်လည်း အခင်းဖြစ်ပွားချိန်အတွင်း သိသလောက်ကတော့ အခြားသူတစ်ဦးက သူ့ကို အန္တရာယ်ပြုလာသည်ထင်ပြီႏပစ်ခတ်ခဲ့သည်ဟု ပြောဆိုခဲ့သည်။ ဂိမ်ႊအလွန်အကျွံဆော့သည့်အတွက်ကြောင့်နောက်ဆက်တွဲပြသနာဟုယူဆကြသည်။ယခုတော့ကလေႊ ကမေးခွန်းများစွာကို မဖြေနိုင်သေႊပါ။ ပြစ်မှုကျူးလွန်သူထိုကလေႊဓ၏ မိဘနှစ်ပါးကိုလည်ႊ တာဝန်ရှိသူများက နေအိမ်သို့ သွားရောက်ရှာဖွေခဲ့သော်လည်း မတွေ့ရသေးကြောင်း ကနဦးတွင် ပြောဆိုထားသည်။ အဆိုပါ လက်နက်များနှင့်ပတ်သက်၍ စုံစမ်းချက်အရ ထိုသေနတ်မာလိုင်စင်ပါကြောင်ႊတွေ့ရှိရသည်။ အခင်းဖြစ်နေရာတွင် တရုတ်နိုင်ငံသား အမျိုးသမီးတစ်ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။ ဆေးရုံတွင်သေဆုံးသွားသော အခြားဒဏ်ရာရရှိသူ ၅ ဦးရိသည်ဟုသိရသည်။တခြာႊဒဏ်ရာရသူမျာႊအနက် ထိုင်းလုံခြုံရေးအစောင့်တစ်ဦးအပါအဝင် တရုတ်အမျိုးသမီးတစ်ဦး စိတ်ချလုံခြုံရပြီးကျန် ထိုင်းအမျိုးသမီးတစ်ဦးမှာတော့ အခြေအနေစိုးရိမ်ရသဖြင့် ရဲဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ထို ထိုင်းအမျိုးသမီးတစ်ဦးက ဘယ်ဘက်ပခုံးမှာ သေနတ်ထိမှန်ခဲ့ပါတယ်။
Pol.Gen. Torsak က သူသည် ဌာနဆိုင် ရာကို ချီးကျူးရမည်ဟု ဆိုသည်။ အဖြစ်အပျက်ဖြစ်ဖြစ်ချင်ႊရဲတွေကလူများကို စီမံခန့်ခွဲနိုင်ပြီႏ လေ့ကျင့်ရေးမှ လုပ်ထုံးလုပ်နည်းများကို ကောင်းစွာကိုင်တွယ်နိုင်သည်ကိုလည်ႊ ပြောပြသည်။ ကောင်းတဲ့အချက်လို့ ပြောရမာပါ။ အခင်းဖြစ်ပွားပြီး ၅ မိနစ်အတွင်း ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်အဖွဲ့တစ်ဖွဲ့ အခင်းဖြစ်ပွားရာသို့ ချက်ချင်းရောက်ရှိလာခဲ့သည်။ ပြစ်မှုကျူးလွန်သူသည် ရဲများနှင့်ပစ်ခတ် ခြင်ႊမပြုဘဲ ကုန်တိုက် ၃ လွှာတွင် ဖမ်းဆီးနိုင်ခဲ့သည်။ အသေးစိတ်အချက်အလက်များကို စစ်ဆေးပြီး ဆက်လက်စုံစမ်ႊမည်ဟုသိရသည်။

SHARE THIS NEWS

OTHER NEWS