26 April 2024

ဒီဇင်ဘာလ ၁၄ ရက်နေ့ နောက်ဆုံးသတင်းအရ ထိုင်းနိုင်ငံမှာ အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်ကူးစက်ခံရသူစုစုပေါင်း ၁၁ ဦးရှိနေပြီး ၁၁ ဦးအနက် ၉ ဦးမှာ ဘန်ကောက်တွင်းနေထိုင်သူဖြစ်ကာ ကျန် ၂ ဦးမှာ ချွန်ဘူရီခရိုင်နှင့် နွန်ထဘူရီခရိုင်က

ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်၊။

 

ရောဂါထိန်းချုပ်ရေးဌာနက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်လူနာစာရင်းအရ ဘန်ကောက်မြို့ဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁၂ ဦးဖြင့် ကိုဗစ်ကူးစက်ခံရမှု အမြင့်ဆုံးစာရင်းကို ထပ်မံရောက်ရှိ နေပါတယ်။

 

 

ထိုင်းနိုင်ငံဟာ နိုဝင်ဘာ ၁ ရက်နေ့က စလို့ ကွာရန်တင်းဝင်ရန်မလိုဘဲ နိုင်ငံပေါင်း ၆၃ နိုင်ငံကို ဝင်ရောက်လည်ပတ် ခွင့်ပြုခဲ့ရာ နိုင်ငံဖွင့်အပြီး ၄၃ ရက်အတွင်းမှာပဲ ထိုင်းနိုင်ငံကိုလာရောက်လည်ပတ်ခဲ့တဲ့ ခရီးသွား စုစုပေါင်း ၂၂၈,၄၆၆ ဦး ရှိခဲ့ပြီး အဲဒီထဲမှာ ကိုဗစ်ကူးစက်ခံထားရသူ စုစုပေါင်း ၃၄၂ ဦးတွေ့ရှိခဲ့ပါတယ်။

 

ထိုင်းနိုင်ငံအတွင်း အိုမီခရွန်ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံရသူတွေ့ရှိတာနှင့် နိုင်ငံဝင်ခွင့် ချက်ချင်း ပိတ်မယ်လို့ ဝန်ကြီးချုပ်က ကြွေးကြော်ခဲ့ပေမယ့်လို့ ထိုင်းခရီးသွားကဏ္ဍဟာ ပြန်လည် နာလန်ထူဆဲကာလ ဖြစ်နေတာကြောင့် ယခုချိန်ထိတော့ နိုင်ငံပိတ်ဖို့ အရိပ်အရောင်မတွေ့ရသေးပါဘူး။

 

ဒါပေမယ့်လို့လည်း ထိုင်းနိုင်ငံတွင်း အိုမီခရွန်ကူးစက်ခံရသူ တွေ့ရှိခဲ့ပြီးတဲ့ နောက်မှာတော့ နယ်စပ်ဂိတ်တွေကိုအရင်ကထပ် တင်းကျပ်ခဲ့တာကိုတွေ့ရပြီး ဒုဝန်ကြီးနှင့်ကျန်းမာရေး ဝန်ကြီး အနုထင်က အာဖရိကတိုက်ကနိုင်ငံ ၆ နိုင်ငံကို နိုင်ငံဝင်ခွင့်ပိတ်ခဲ့ပါတယ်။

 

 

ထိုင်းနိုင်ငံအတွင်းအိုမီခရွန်ကူးစက်ခံရသူ ၁၁ ဦးရဲ့နိုင်ငံသားအချက်အလက်

 

ထိုင်းနိုင်ငံအတွင်း အိုမီခရွန် ကူးစက်ခံရသူမြင့်တက်လာတာနှင့်အမျှ နယ်စပ်ဂိတ်တွေဖွင့်ဖို့ အစီအစဉ်ဟာလည်း အလှမ်းဝေးနေဦးမှာဖြစ်တယ်လို့သုံးသပ်ရပါတယ်။

 

SHARE THIS NEWS

OTHER NEWS