29 April 2024

,

ဝေသဝဏ်နတ်ဘီလူးမင်းအကျိုးပေး၍ ထိုင်းဈေးသည်တဦး ဘတ် ၆ သန်း ကံထူး
.
ဩဂုတ် ၁၈ ရက်၊ ၂၀၂၃
.
လွန်ခဲ့သော ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် ထိုင်းအစိုးရထီဆုကြေညာပြီးနောက် ထိုင်းနိုင်ငံ အရှေ့ပိုင်း လရောင်းခရိုင်၊ ခေါင်းချမောင်မြို့နယ်၊ နမ်းပင်ကျေးရွာအုပ်စုတွင် နေထိုင်သော အသက် ၆၁ နှစ်အရွယ် ထိုင်းဈေးသည်တဦးက ပထမဆု ဘတ် ၆ သန်း ကံထူးခဲ့သည်ဟု Sanook ဝဘ်ဆိုက် မှ ဖော်ပြထားသည်။
.
ဘတ် ၆ သန်းကံထူးရှင် အဖွားဖိန်စီရီသည် ကုန်စုံဆိုင်ဈေးသည်တဦးဖြစ်ပြီး ၎င်း၏ဆိုင်တွင် ထီလက် မှတ်များကိုပါ ရောင်းချသည်ဟု ဖော်ပြထားသည်။
.
ဘတ် ၆ သန်းထီကံထူးသည်ဟု သိရှိပြီးနောက်တွင် နမ်းပင်ရဲစခန်းသို့သွားရောက်ပြီး ရဲနေ့စဉ်မှတ်တမ်း တွင် တိုင်ချက်ဖွင့်ခဲ့သည်ဟု ဖော်ပြထားသည်။
.
တချိန်တည်းတွင် အဖွားဖိန်စီရီက လရောင်းခရိုင်၊ ကလယ်မြို့နယ်ရှိ ဝပ်လအိုကျောင်းတွင် ပူဇော် ထားသော ဝေသဝဏ်နတ်ဘီလူးမင်းကို သွားရောက်ကန်တော့ခဲ့ကာ ဆုတောင်းခဲ့ပြီးနောက် ထီကံထူး၍ ဝေသဝဏ်နတ်ဘီလူမင်းက အကျိုးပေးသည်ဟု နယ်မြေခံပြည်သူများက ထင်ကြေးပေးကြသည်ဟု သိရသည်။
.
Photo: Sanook
.
ဂဏန်းကောင်းတွေစုစည်းထားတဲ့ “ကံပွင့်” ပေ့ချ်
Like & Share များများလုပ်ပြီးအားပေးလိုက်ကြရအောင်
.

SHARE THIS NEWS

OTHER NEWS