9 May 2024

အမေရိကန်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ ၂၀၀၈ ခုနှစ်ကတည်းက နှစ်စဉ် ကလေးယူလာခဲ့တာ ယခုဆိုရင် ကလေး ၁၁ ယောက်ရှိနေပြီ ဖြစ်ပြီး လက်ရှိမှာ တစ်ဒါဇင်ပြည့်ဖို့ ၁၂ ယောက်မြောက် ကိုယ်ဝန်ကို လွယ်ထားနေပြီလို့ဆိုပါတယ်။

 

သူမဟာ ၂၀၀၈ ခုနှစ် အသက် ၃၇ နှစ်အရွယ်မှာ ခရစ်ယန်အသင်းအုပ် တစ်ဦးနဲ့ လက်ထပ်ခဲ့တာပါ။

 

သူမရဲ့သားသမီးတွေထဲမှာ အကြီးဆုံးဟာ အသက် ၁၁ နှစ်ရှိပြီဖြစ်ပြီး အသက် ၁၀ နှစ်အရွယ်တစ်ဦး ၊ ၉ နှစ်အရွယ် ၂ ဦး ၊ ၇ နှစ်အရွယ်တစ်ဦး ၆ နှစ်အရွယ် ၂ ဦးနဲ့ ၄ နှစ် အရွယ်တစ်ဦး ၊ ၃ နှစ်အရွယ်တစ်ဦး၊ ၂ နှစ်အရွယ်နှင့် ၁ နှစ်အရွယ်တစ်ဦးစီနှင့် လက်ရှိမှာ တစ်ဒါဇင်ပြည့်ဖို့ ကိုယ်ဝန်လွယ်ထားတယ်လို့ သိရပါတယ်။

 

သူမရဲ့အင်စတာဂရမ်အကောင့်မှာဆိုရင် ဖေါ်လို ၂၉,၀၀၀ ဦးရှီပြီဖြစ်ပြီး သူမဟာ လက်ထပ်ပြီးစဉ်အချိန် ကတည်းက ယခုအချိန်ထိ တစ်ခါမှ သန္ဓေတားဆေးမသောက်သုံးခဲ့ဘူးလို့ဆိုပါတယ်။ သူမ ကလေးတွေအများကြီးယူလို့ အချို့တွေက ဝေဖန်ပြစ်တင်ပြောဆိုတာတွေရှိနေပေမယ့်လည်း သူမအနေနဲ့ ဂရုမစိုက်ခဲ့ဘူးလို့ဆိုပါတယ်။

ဒီထက်စိတ်ဝင်စားစရာကောင်းတာကတော့ သူမရဲ့ကလေးတွေအားလုံးကို သူမဟာ homeschools စနစ်နဲ့ အိမ်မှာ ၎င်းကိုယ်တိုင်ပဲ စာသင်ကြားပေးနေတာဖြစ်ပါတယ်။

 

“ကျွန်မရဲ့အမျိုးသားက လပ်ထပ်တဲ့အချိန်ကတည်းက ကလေး ၁၀ ယောက်လောက် ယူချင်တယ်လို့ ပြောဖူးတယ်။ ကျွန်မကလေး ၁၀ ယောက်ရတဲ့အချိန်မှာ နုပျိုနေသေးတာကြောင့် နောက် ၂ ယောက်ထပ်ယူဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ အခုဆိုရင် ကျွန်မမှာ သမီးမိန်းကလေး ၆ ယောက် သားယောင်္ကျားလေး ၆ ယောက်ရှိနေပြီ ပြည့်စုံနေပါပြီ” လို့သူမကဆိုပါတယ်။

 

အခုလို ကလေး တစ်ဒါဇင်ပြည့်အောင် ယူခဲ့တဲ့ကာလတစ်လျှောက် သူမဟာ ၃ ကြိမ်လောက်ကလေး ပျက်ကျဖူးခဲ့တယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS