4 May 2024

,

အောက်တိုဘာလ ၆ ရက်နေ့ညက ဆန္ဒပြပြည်သူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံခဲ့ရာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တစ်ဦး နားထင်ကိုသေနတ်ထိမှန်ပြီး ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ ထိုင်းဗဟိုရဲတပ်ဖွဲ့ပေ့ချ်မှာ ရေးသားထားပါတယ်။

ဒဏ်ရာရပြီးချင်းရဲဆေးရုံသို့ ပို့ကာ အချိန်မီခွဲစိတ်ကုသနိုင်ခဲ့လို့ အဆိုပါရဲဟာ အသက်ရှင်ခဲ့တယ်လို့  ဒီမနက် သတင်းတွေမှာ ဖေါ်ပြပါတယ်။

ထိုင်းပြည်သူတွေဟာ အောက်တိုဘာ ၆ ရက်နေ့ နှစ်ပတ်လည်နေ့မှာထိုင်းအစိုးရဖြုတ်ချရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြတာပါ။ မနေ့က (၂၀၂၁ အောက်တိုဘာ ၆ ရက်) ရဲနှင့်ပြည်သူ ထိပ်တိုက်တွေ့ခဲ့တဲ့ ဖြစ်စဉ် မှာ ထိုင်းရဲတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆန္ဒပြပြည်သူ ၁၆ ဦးထိန်းသိမ်းခံခဲ့ရပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့ဟာ ထိုင်းနိုင်ငံတွင် ဝန်ကြီးဟောင်းဗိုလ်ချုပ်ကြီး Thanom Kittikachorn ပြန်လာခြင်းကို ကန့်ကွက်တဲ့အနေနဲ့  ၁၉၇၆  ခုနှစ်က  Thammasat ကျောင်းသားများက ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ ဒီမိုကရေစီရရှိရေးအတွက်  ချီတက်ဆန္ဒပြပွဲများ၊ ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့တဲ့ နေ့ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင် အသေအပျောက်အများဆုံးဖြစ်ခဲ့တဲ့ အဓိကရုဏ်းလို့ပြောလို့ရပါတယ်။ လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတွေက Thammasat တက္ကသိုလ်ထဲမှာ ပိတ်မိနေတဲ့ ကျောင်းသား အယောက် ၁၀၀ ကျော်ကို စစ်လက်နက်များ အသုံးပြုကာ အစုလိုက်သတ်ဖြတ်နှိမ်နှင်းခဲ့ကြတာပါ။

ထိုင်းနိုင်ငံသားတွေဟာ အောက်တိုဘာ ၆ ရက်နေ့ရောက်တိုင်း  ဒီမိုကရေစီကျောက်တိုင်မှာ နှစ်စဉ် ဝမ်းနည်း ခြင်းအထိန်းအမှတ်တွေ ပြုလုပ်လေ့ရှိပါတယ်။

ဒီနှစ်မှာတော့ စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာ စစ်အာဏာဖြင့် အုပ်ချုပ်ကာ ၂ နှစ်အသွင်ပြောင်း အစိုးရအဖြစ် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဝန်ကြီးချုပ် ပရာရွတ်နဲ့ အစိုးရနှုတ်ထွက်ရေးကို ထိုင်းပြည်သူတွေဟာ ဆန္ဒပြခဲ့ကြတာပါ။

မဲဆောက်တွင် မြန်မာဘက်သို့ရောင်းချမည့်

SHARE THIS NEWS

OTHER NEWS