3 May 2024

,

လွန်ခဲ့တဲ့ ၄ ရက်နေ့ ၉ လပိုင်း ၂၀၂၁ ခုနစ်က ကိုဗစ် ၁၉ ရောဂါကြောင့် ချိုင်းယနတ် မြို့ရှိ ထီဂဏန်းတောင်းနာမည်ကြီးတရုတ်ကျောင်း အိုင်စွမ်းန်ချု့ န် ပိတ်ထားတာကြာနေပြီး ဖြစ်ပြီး အခုဖွင့်တာနဲ့တကယ်ကိုးကွယ်တဲ့သူတွေက နည်းနည်းချင်းလာပြီး လာရောက် ရှိခိုးပူဇော်နေကြပါတယ်။

အသက် ၄၆ အရွယ် “စိုင်ဖွန်” ဆိုတဲ့အမျိုးသမီးကြီးက ကံအရမ်းတက်နေပြီး ထီဂဏန်းကို ၂၅ ကြိမ်ဆက်တိုက်ပေါက်ရှိ ခဲ့ပါတယ်။ သူနဲ့အတူ ရွာသားများကလဲ အနည်းနဲ့အများ ထိုင်းထီကြီးကိုပေါက်ထားတာ ကြောင့် အိုင်စွမ်းန်ချု့ န်တရုတ်ကျောင်းကို ၁ ရက်နေ့ ၉ လပိုင်း ထီဂဏန်းမထွက်ခင် ကတည်းက   လာပြီးတော့ ရိုးရာကစားနည်း ဖြင့်လာပြီး ယတြာချေသွားခဲ့ပါတယ်။

နောက်ပြီးတော့ ဗျောက်အလုံး ၁ သိန်း တိတိဖောက်ခဲ့ပြီး ရလာတဲ့ ထီဂဏန်း ၄၆,၅၇၀ ဂဏန်းကို လာပြီးတော့ကန်တော့ကြတဲ့လူတွေ အားလုံးကပါ နောက်အပတ် အတွက် ကံစမ်းဖို့ ဖုန်းကိုယူတင်ပြီး ဓာတ်ပုံ ရိုက်သိမ်းထားကြပါတယ်။

ပြီးခဲ့တဲ့အပတ်ကလဲ နောက်ဆုံး ၂ လုံး  ၇ ရွက် ပေါက်ပြီး ဒါနဲ့ဆိုရင် ဒီလိုပေါက်တာ ၉ ပတ် ဖြစ်သွားပြီ။ ထီမပေါက်ဆိုလို့ ၁ ပတ်ပဲရှိပါသေးတယ်။ နောက်တော့ ရွာကသူတွေနဲ့ ချိန်ထားပြီး ဘယ်သူထီပေါက်လဲ ပေါက်တဲ့သူတွေအားလုံးပေါင်းပြီး ရိုးရာ ကစားနည်းနဲ့ အိုင်စွမ်းန်ချု့ န် မှာသွားကန်တော့ဖို့အတွက်အားလုံးကို ပြောထားပါတယ်။

SHARE THIS NEWS

OTHER NEWS