3 May 2024

,

ယေဘုယျအားဖြင့် ရံဖန်ရံခါချောင်းဆိုးခြင်းက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ရက်သတ္တပတ်များစွာ ချောင်းဆိုးနေပြီး ပိုမိုပြင်းထန် တဲ့လက္ခဏာများဖြစ်တဲ့ ချောင်းဆိုးရင်သွေးပါခြင်း၊ ရင်ဘက်အောင့်ခြင်း၊ အသက်ရှုရခက်ခဲခြင်း စတဲ့ လက္ခဏာတွေရှိနေပြီ ဆိုရင်တော့ အဆုတ်ကင်ဆာ၊ တီဘီ၊ အဆုတ်သွေးကြောပိတ်ခြင်း စတဲ့ ကျန်းမာရေးဝေဒနာတွေကို ခန္ဓာကိုယ်က ထုတ်ပြော နေခြင်းဖြစ်တာကြောင့် ဆရာဝန်ထံ အမြန်ဆုံးသွားပြဖို့လိုပါတယ်နော်။

ချောင်းဆိုးခြင်းလက္ခဏာနဲ့ကြာရှည်ချိန်ကိုကြည့်ပြီးအခုလိုသိနိုင်ပါတယ်။

– ချောင်းခြောက်ဆိုးခြင်း

အများသောအားဖြင့်ချောင်းခြောက်ဆိုးခြင်းက အဆုတ်ယားယံခြင်းကြောင့် ခန္ဓာကိုယ်ကလှုံ့ဆော်တာကတစ်ဆင့် သလိပ်မထွက်ဘဲ ချောင်းဆိုးခြင်းဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာတွေ တော်တော်များများက ချောင်းခြောက်ဆိုးပါတယ်။  (အခု ဖြစ်နေတဲ့ COVID-19ကလည်း ချောင်းခြောက်ဆိုးတာပါပဲ။ )

– သလိပ်ပြီးချောင်းဆိုးခြင်း

သလိပ်ပါတဲ့ချောင်းဆိုးခြင်းက အဆုတ်တွင်းပိုးဝင်ခြင်းကြောင့်ဖြစ်ပါတယ်။ တုပ်ကွေး၊ နမိုးနီးယား ချောင်းဆိုးရင်ကျပ် နာတာရှည်လေပြွတ်ကျဉ်းရောဂါတွေက ခန္ဓာကိုယ်မှ အသက်ရှူလမ်းကြောင်းရှိ အညစ်အကြေးများကို စွန့်ပစ်ရန် သလိပ်နှင့်အတူ ချောင်းဆိုးချိန်ထုတ်လွှတ်လိုက်ခြင်းဖြစ်ပါတယ်။

– အသံဝင်ချောင်းဆိုးခြင်း 

အသံဝင်ပြီးချောင်းဆိုးတာ ကလေးတွေမှာတွေ့ရလေ့ရှိပါတယ်။ လေပြွန်ရောင်ရမ်းတာကြောင့် ဖြစ်ပါတယ် အသံဝင်ချောင်းဆိုးတဲ့အခါ အသက်ရှူရခက်ခဲတာ လည်ချောင်းနာတာ အဖျားရှိတာ စတဲ လက္ခဏာတွေ ခံစားရလေ့ရှိပါတယ်၊

– ညဘက်ခြောင်းဆိုးခြင်း 

ညဘက်မှာအသက်ရှူလမ်းကြောင်းဆိုင်ရာ ယားယံခြင်းဝေဒနာတွေပိုပြီးဖြစ်တတ်ပါတယ်။ ဒါကြောင့်နေ့ခင်းဘက်မှာ ချောင်းအနည်းငယ်ဆိုးတဲ့သူက ညဘက်မှာ ပြင်းထန်တဲ့ချောင်းဆိုးခြင်းဝေဒနာကိုခံစားရလေ့ရှိတာပါ။ အထူးသဖြင့် ပန်းနာရင်ကျပ်လူနာများမှာ ညဘက်ပိုပြီးချောင်းဆိုတာကိုတွေ့ရပါတယ်။

– ကြက်ညှာချောင်းဆိုးခြင်း

ကြက်ညှာချောင်းဆိုးရောဂါဟာ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တဲ့ရောဂါပါ။ ကူးစက်ပျံ့နှံ့မှုနှုန်း အလွန်မြင့်ပါတယ်။ဘာလို့ကြက်ညှာချောင်းဆိုးလို့ ခေါ်ရသလဲဆိုရင်တော့ ချောင်းဆိုးတဲ့အသံဟာ စူးစူးအက်အက်ကြီးဖြစ်နေပြီး ကြက်တစ်ကောင်ရဲ့အသံနဲ့ အလားသဏ္ဍန် တူပါတယ်။ ကြက်ညှာချောင်းဆိုးရောဂါဟာ ကာကွယ်ဆေးထိုးဖို့ရန် အလွန်ငယ်သေးတဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။

ကြက်ညှာချောင်းဆိုးရောဂါကြောင့် သေဆုံးခြင်းရာခိုင်နှုန်းကတော့ နည်းပါတယ်။ သေဆုံးမှုဟာ (၁)နှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် ကြက်ညှာချောင်းဆိုးရောဂါ ကာကွယ်ဆေးကို လူတိုင်းထိုးထားဖို့ လိုအပ်တာပါ။

SHARE THIS NEWS

OTHER NEWS