26 April 2024

,

ငါးကြိမ်တိုင်တိုင်အကျိုးပေးသော ဝေသဝဏ်နတ်ဘီလူးမင်းကို လာရောက်ကန်တော့
.
ဇွန် ၁၄ ရက်၊ ၂၀၂၃
.
မြို့တော်ဗန်ကောက်မြောက်ဘက် ပထုမ်ဌာနီခရိုင်၊ လမ်လွတ်ကာမြို့နယ်၊ ခလောင်-၁၂ တွင် နေထိုင် သော အသက် ၂၀ နှစ်အရွယ် Manthana Thapthamai ဆိုသူ ထိုင်းအမျိုးသမီးက ယနေ့မနက်တွင် ပထုမ်ဌာနီခရိုင်၊ လမ်လွတ်ကာမြို့နယ်၊ လမ်စိုင်ကျေးရွာအုပ်စု၊ ခလောင် ၁၂ ရှိ ဝပ်မင်္ဂလရတနာဘုန်း ကြီးကျောင်းဝင်းအတွင်း ပူဇော်ထားသော ဝေသဝဏ်နတ်ဘီလူးမင်းကို လာရောက်ကန်တော့ခဲ့သည်ဟု နယ်မြေခံသတင်းပေ့ချ်တစ်ခုက ဖော်ပြထားသည်။
.
အဆိုပါ ဘုန်းကြီးကျောင်းဝင်းတွင်းရှိ ဝေသဝဏ်နတ်ဘီလူးမင်းကို လာရောက်ကန်တော့ပြီးနောက် ၂ လုံး တူနှင့် ၃ လုံးတူ စုစုပေါင်း ၅ ကြိမ်တိုင်တိုင် ကံထူးခဲ့ခြင်းကြောင့် လာမည့်အပတ်တွင်လည်း ကံထူးလို သည့်ရည်ရွယ်ချက်ဖြင့် လာရောက်ကန်တော့ခြင်းဖြစ်သည်ဟု ထိုင်းအမျိုးသမီးက သတင်းထောက်ကို ပြောပြကြောင်း ဖော်ပြထားသည်။
.
ယနေ့တွင် ထပ်မံရရှိလာသော ဂဏန်းမှာ “၁၉၉” ဖြစ်သည်ဟု သူမက ဆိုသည်။
.
ပြီးခဲ့သည့်အပတ်တွင် ဝပ်မင်္ဂလာရတနာဘုန်းကြီးကျောင်း ရေးမှန်းအိုးမှပေးသော “၀၉” ဂဏန်းကြောင့် လာရောက်ကန်တော့သူအမြောက်အများ ကံထူးခဲ့သည်ဟု သိရှိရသည်။
.
Photo: ปทุมธานี นิวส์
.
ဂဏန်းကောင်းတွေစုစည်းထားတဲ့ “ကံပွင့်” ပေ့ချ်
Like & Share များများလုပ်ပြီးအားပေးလိုက်ကြရအောင်

SHARE THIS NEWS

OTHER NEWS