10 May 2024

,

ဓာတ်ပုံ Chelsea FC

အောက်တိုဘာ ၂၅ ရက်၊ ၂၀၂၁

ချယ်ဆီးနည်းပြချုပ်တူချယ်က နော်ဝှစ်နဲ့ပွဲစဉ်မှာ ဟက်ထရစ်ရယူနိုင်ခဲ့တဲ့ မေဆန် မောက်ကို ချီးမွမ်ခန်းဖွင့်။

နော်ဝှစ်အသင်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ အင်္ဂလိပ် ပရီးမီးယားလိဂ် ပွဲစဉ် ၉ မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ကွင်းလယ်လူ မေဆန် မောက် ကို နည်းပြချုပ်တူချယ်က အခုလို ချီးမွမ်းခန်း ဖွင့်လာပါတယ်။

“ဟက်ထရစ်သွင်းယူနိုင်ခဲ့တာ သူ့အတွက်ကြီးမားတဲ့အောင်မြင်မှုတစ်ခုပေါ့ သူ့အတွက်တန်ဖိုးရှိတဲ့အချိန်တစ်ခုလို့ဆိုနိုင်ပါတယ် သူအရမ်းဂုဏ်နေပါတယ် သူပရက်ရှာတော်တော်ဝင်ခဲ့တာ” လို့ဆိုပါတယ်။

တဆက်တည်းမှာ “သူ့အပေါ်ပရက်ရှာနည်းလာမယ်လို့ကျနော်ထင်ပါတယ် ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ သူ လွတ်လွတ်လပ်လပ်ကစားလာနိုင်တာတွေ့ရတယ် ဒါကျနော်တို့လိုလားတဲ့အရာပေါ့ ပွဲစဉ်တော်တော်များများကိုသူကျော်ဖြတ်ခဲ့သလို ထပ်မံကျော်ဖြတ်ရမယ့်ပွဲစဉ်တွေအများကြီးရှိပါသေတယ် သူ့အသက်ကလည်းအရမ်းငယ်ရွယ်ပါသေးတယ်” လို့ ဆက်လက်မှတ်ချက်ပေးပါတယ်။

အလားတူ “သူကယှဉ်ပြိုင်လိုစိတ်အရမ်းထက်သန်တဲ့ကစားသမားတယောက်ပါ ဂိုးသွင်းတာနဲ့ပတ်သက်လို့သူတော်တော်အာရုံစိုက်တာ ပြီးတော့ရည်မှန်းထားတဲ့အတိုင်းဂိုးသွင်းယူချင်တာ ဒါကြောင့် အခုချိန်မှာ သူ့အပေါ်ဖိအားနည်းလာမယ်လို့ကျတော်ထင်ပါတယ် သူ့လိုအကယ်ဒမီထွက်ကစားသမားတယောက်အတွက် ဟက်ထရစ်ရယူနိုင်တာ အင်မတန်အဓိပ္ပာယ်ရှိတာပေါ့ဗျာ” လို့ ဆိုပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS