26 April 2024

မနက်ဖန် ဒွန်မောင်းလေဆိပ်တွင် ပြည်တော်ပြန်တက်ဆင်ကို သွားရောက်ကြိုဆိုမည်ဟု ရှပ်နီအဖွဲ့ ဆို
.
ဩဂုတ် ၂၁ ရက်၊ ၂၀၂၃
.
မနက်ဖန် (၂၂-၈-၂၀၂၃) မနက် ၉ နာရီအချိန်တွင် ထိုင်းနိုင်ငံသို့ပြန်လည်ရောက်ရှိလာမည့် ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နဝပ်ကို ဒွန်းမောင်းလေဆိပ်၌ သွားရောက်ကြိုဆိုမည်ဟု ပထုမ်ဌာနီအခြေစိုက်ရှပ်နီပူးပေါင်းအဖွဲ့က ဆိုသည်။
.
ထိုင်းဝန်ကြီးချုပ်ဟောင်းက ဒွန်မောင်းလေဆိပ်တွင်ဆိုက်ရောက်မည်ဖြစ်၍ လေဆိပ်နှင့်နီးသော ပထုမ်ဌာနီခရိုင်၊ လမ်လွတ်ကာမြို့နယ်၊ ခူခွတ်ကျေးရွာအုပ်စု၊ လတ်စဝိုင်းဈေးမျက်နှာချင်းဆိုင်ဘက်တွင် ရုံးထိုင်ထားသော ပထုမ်ဌာနီ ရှပ်နီအဖွဲ့ က တာဝန်ပေးခံရခြင်းဖြစ်ကြောင်းနှင့် သွားရောက်ကြိုဆိုမည့်ပူးပေါင်းအဖွဲ့တွင် ပထုမ်ဌာနီ
ရှပ်နီအဖွဲ့အပါအဝင် စိုင်းမိုင်း နှင့် ပတ္တရားရှပ်နီအဖွဲ့များ ပါဝင်မည်ဟု သိရသည်။
.
လူရာချီပါဝင်မည့်ကြိုဆိုရေးအဖွဲ့သည် မနက် ၆ နာရီအချိန်တွင် ပထုမ်ဌာနီညှိနှိုင်းရေးရုံးမှ စတင်ထွက်ခွာမည်ဟု ဆိုသည်။
.
ဩဂုတ်လ ၂၂ ရက်နေ့ (၂၀၂၃) မနက် ၉ နာရီအချိန်တွင် ဖခင်ဖြစ်သူက ဒွန်းမောင်းလေဆိပ်တွင်ဆိုက်ရောက်မည် ဟု တက်ဆင်သမီးဖြစ်သူ ဖယ်ထောင်ထန် က သူမ၏ အင်စတာဂရမ်တွင် အတည်ပြုဖော်ပြထားသည်။
.
Photo: Pathumthani News

SHARE THIS NEWS

OTHER NEWS