4 May 2024

ယနေ့မနက် ၁၀ နာရီအချိန်တွင် ထိုင်းနယ်စပ်နှင့် ၅ ကီလိုမီတာခန့်ကွာဝေးသော မြန်မာနိုင်ငံဘက်တွင်တိုက်ပွဲဖြစ်ပွား။

ဇန်နဝါရီလ ၁၀ ရက်နေ့ ၁၁ နာရီအချိန်မှာ မြန်မာဘက်ခြမ်းက တိုက်ပွဲဖြစ်တဲ့ သေနတ်သံတွေ ကြားနေရတယ်လို့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ကထုတ်ပြန်ခဲ့ပါတယ်။ မဲ့ကုကင်းကျေးရွာ မဟာဝမ် ကျေးရွာအုပ်စု မဲဆောက်မြို့နယ် တာ့ခ်ခရိုင်ရဲ့ တဖက်ကမ်းက မြဝတီမြို့နယ်ကဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ထိုင်းနိုင်ငံ ၅ ကီလိုမီတာ ကွာဝေး တာကြောင့် ထိုင်းဘက်ခြမ်းက စိုးရိမ်စရာမရှိပါဘူး ညနေ ၂ နာရီအချိန်မှာ တိုက်ပွဲသံတွေရပ်သွား တယ်လို့ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။

.

လက်ရှိအချိန်ထိ မဟာဝမ်ကျေးရွာ မဲဆောက်မြို့နယ် တာ့ခ်ခရိုင် နွားခြံကုန်းစစ်ဘေးရှောင်စခန်းမှာ မြန်မာစစ်ဘေးရှောင်တွေ ၁,၈၈၀ ဦးရှိနေပါသေးတယ်။ ၆၅ ဦးက နေအိမ်ပြန်သွားကြပြီး၊ မနေ့က တိုက်ပွဲကြောင်း စစ်ဘေးရှောင် ၁၆၅ ဦးထပ်မံရောက်ရှိလာတာကြောင့် နွားခြံကုန်းစစ်ဘေးရှောင် စခန်းတွင် ၁,၉၇၇ ဦးရှိနေသေးကြောင်း တာ့ခ်ခရိုင်ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။

သတင်း ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS