7 May 2024

နည်းပညာနှင့်ဆော့ဖ်ဝဲလုပ်ငန်းရှင် Ben Lamm နှင့် ဇီဝဗေဒပညာရှင် ပါမောက္ခ ဒေါက်တာ George Church တို့ လက်တွဲပြီး ဒေါ်လာ ၁၅ သန်းအကုန်အကျခံကာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ သန်းလောက်ကတည်းက မျိုးသုဉ်း သွားခဲ့တဲ့ ရှေးဆင်ရိုင်းကိုအသက်ပြန်သွင်းဖို့ ကြိုးပမ်းနေကြပါတယ်။

သိပ္ပံပညာရှင်တွေက ရှေးဆင်ရိုင်း mammoth ရုပ်ကျွင်းမှာကျန်ရှိတဲ့ DNA ကို ဓာတ်ခွဲခန်းမှာ သန္ဓေသား ပြုလုပ်မှာ ဖြစ်ပြီး ရလာတဲ့ တစ်သျှူးဆဲလ်များကို အာရှဆင်များထံမှာ ပင်မဆဲလ်များဖြစ်လာစေရန် ဆက်လက် အကောင်အထည်ဖေါ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

 

 

 

အေးခဲလွန်းတဲ့ ရေခဲလွင်ပြင်တွေမှာ နေနိုင်မယ့် ရှေးဆင်ရိုင်းရဲ့ အမွှေးတွေ ဖြစ်လာဖို့ အပူအအေးအခြေအနေများနှင့် လိုက်ရောညီထွေ ဖြစ်အောင် အဆီလွှာစနစ်ကို စနစ်တစ်ကျဖန်တီးသွားကြမှာပါ။

ရှေးဆင်ရိုင်းအကောင်ပေါက် ဖြစ်လာ ဖို့ကို‌တော့ အခြားဆင်ထံမှာ အငှားမိခင်အဖြစ် သန္ဓေတည်သွားစေမှာ ဖြစ်သလို အခြေအနေအရ ဖန်သန္ဓေအဖြစ် မွေးမြူသွားရနိုင်တယ်လို့လည်း သိပ္ပံပညာရှင်များမှ ပြောပါတယ်။ အဲဒီ သန္ဓေ သားလောင်းတည်တဲ့အဆင့်ဟာ ၆ နှစ်ခန့်ကြာ မှာဖြစ်ပါတယ်။

 

 

“ကျွန်တော်တို့ရဲ့ပန်းတိုင်က အအေးဒဏ်ကိုခံနိုင်တဲ့ ဆင်တွေကို မွေးမြူဖို့ဖြစ်တယ် အများပြည်သူကိုလိမ်ဖို့မဟုတ်ပါဘူး mammoth ရဲ့ ဝိညာဥ်အစစ်မဟုတ်တာတောင် mammoth နည်းတူ -40 ဒီဂရီမှာ ပျော်ရွှင်နေမယ့် ဆင်တွေပေါက်ဖွားလာ ဖို့ဖြစ်တယ်” လို့ ပါမောက္ခ ဒေါက်တာ George Church က ဆိုပါတယ်

ဒီစီမံကိန်းက မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ အာရှဆင်တွေကို ထိန်းသိမ်းနိုင်ဖို့ အထောက်အကူပြုမှာဖြစ်ပြီး ရာသီဉတုအကျပ် အတည်းကြောင့် ယိုယွင်းပျက်စီးနေတဲ့ နေရာတွေမှာ mammoth တွေကို နေရာချပေးနိုင်ခဲ့ရင် သဘာဝပတ်ဝန်း ကိုလည်း ထိန်းသိမ်းရာရောက်မှာဖြစ်တယ်လို့သိရပါတယ်။

 

SHARE THIS NEWS

OTHER NEWS