26 April 2024

,

ဒီခေတ်မှာတော့ လက်ပတ်နာရီဟာလူငယ်တွေကြား ဝတ်စားဆင်ယင်ပုံအလိုက် ပြောင်းလဲဝတ်ဆင်လာတာ ကြောင့်စတိုင်တစ်ခုလိုဖြစ်နေပါပြီ။ ဒါနဲ့ လက်ပတ်နာရီအရောင်တွေက ကံဇာတာအတွက်အကျိုးသက်ရောက်မှုရှိတယ်နော် ။ ၇ ရက်သားသမီးတွေရဲ့နေ့နာမ်အလိုက် ဘယ်လိုအရောင်တွေဝတ်ဆင်သင့်သလဲဆိုတာသွားကြည့်လိုက်ကြရအောင်။

တနင်္လာသားသမီးများ 

သားရေကြိုးဖြင့်ပြုလုပ်ထားတဲ့လက်ပတ်နာရီပတ်သင့်ပါတယ်။ အဖြူရောင်၊ အပြာရောင်၊ ရွှေရောင် တို့က ကံဇာတာတက်စေဖို့အထောက်အကူပြုပါလိမ့်မယ်။

အင်္ဂါသားသမီးများ 

အပြာရင့်ရောင်၊ မိုးပြာရောင် စတီးလက်ပတ်နာရီကြိုးနဲ့ပြုလုပ်ထားတဲ့နာရီဝတ်ဆင်ပါ။ မိတ်ဆွေအပေါင်း အသင်းတိုးပွားပြီး ယုံကြည်လေးစားမှုတို့ကိုလက်ခံရရှိမည်။

ဗုဒ္ဓဟူးသားသမီးများ 

လေးထောင့်ပုံစံနာရီဝတ်ဆင်ပါ အနီရောင်၊ အစိမ်းရောင်နဲ့၊ အမည်းရောင်တို့က သင့်ကိုဆွဲဆောင်မှု အပြည့်ရှိစေလိမ့်မည်။

ကြာသပတေးသားသမီးများ 

ဆွဲဆောင်မှုရှိစေရန် ရွှေရောင်၊ လိမ္မော်ရောင် နဲ့အညိုရောင်နာရီတို့ဝတ်ဆင်ပါ။

သောကြာသားသမီးများ

၂ ရောင်စပ်နာရီတို့ကိုဝတ်ဆင်ခြင်းဖြင့် ကံဇာတာမြင့်တက်စေမည်။

စနေသားသမီးများ 

ဆွဲဆောင်မှုရှိစေရန် သားရေကြိုးဖြင့် လုပ်ထားတဲ့လက်ပတ်နာရီ အမည်းရောင်၊ မီးခိုးရောင်တို့ပတ်ပါ။

တနင်္ဂနွေသားသမီးများ 

ရွှေရောင်၊ အဖြူရောင် နှင့်အပြာရောင်လက်ပတ်နာရီတို့က ကံဇာတာတက်စေမည်။

အခြားကံဇာတာတွေတက်စေချင်တယ်ဆိုရင်တော့အောက်ပါဖေါ်ပြတဲ့အရောင်တွေကိုရွေးချယ်လိုက်ပါ

အနီရောင်လက်ပတ်နာရီ အချစ်ကံမေတ္တာကံချစ်ခြင်းမေတ္တာနှင့်ယုံကြည်မှုနားလည်မှုတို့ရှိစေရန်

အပြာရောင်လက်ပတ်နာရီ အလုပ်အကိုင်အဆင်ပြေချောမွေ့ပြီးစီးပွားဥစ္စာတိုးတတ်စေရန်

အစိမ်းရောင်လက်ပတ်နာရီ ငွေကြေးဥစ္စာနှင့်စီးပွားလာဘ်လာဘတိုးတတ်စေရန်

အဖြူရောင်လက်ပတ်နာရီ ကျန်းမာရေးကောင်းမွန်စေရန်

ကံဇာတာတွေတက်ချင်တယ်ဆိုရင်တော့ ဖေါ်ပြထားတဲ့အရောင်တွေကိုရွေးချယ်ပြီးဝတ်ဆင်ကြည့်လိုက်ပါ။ အရောင်တိုင်းလည်းရွေးချယ်ဝယ်စရာမလိုဘူးနော် ။

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည်။ : sanook

SHARE THIS NEWS

OTHER NEWS