9 May 2024

ဇွန် ၂၃ ရက်၊ ၂၀၂၃
.
မဲဆောက်မြို့နယ်အတွင်း လူခြေတိတ်ချိန်တွင် အနုကြမ်းစီးမှုကျူးလွန်သော ရွှေ့ပြောင်းလူငယ် ၅ ဦး (နိုင်ငံသားဖော်ပြခြင်းမရှိ) အနက် ၄ ဦးကို ဖမ်းဆီးနိုင်ပြီဟု မဲဆောက်မြို့မရဲစခန်းက ယနေ့ညနေ ၄ နာရီခွဲအချိန်တွင် သတင်း ထုတ်ပြန်ထားသည်။
.
အဆိုပါ လူငယ် ၅ ဦးသည် ၂၀၂၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှစ၍ မဲဆောက်မြို့နယ်ထဲတွင် အနုကြမ်းစီးမှု ၅ မှု ကျူးလွန်ခဲ့ပြီးနောက် နစ်နာသူပြည်သူများက တိုင်ကြားလာခြင်းကြောင့် မဲဆောက်ရဲစခန်းက လုံခြုံရေးကင်မရာမှတဆင့် ခြေရာခံပြီး လိုက်ခံဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်သည်။
.
သံသယတရားခံလူငယ် ၄ ဦး အပါအဝင် အဖြူရောင်ဟွန်ဒါဝေ့ဗ်မော်တော်ဆိုင်ကယ် ၂ စီး၊ BB Gun ၁ လက်၊ သံလက်သီး ၁ ခု၊ စမတ်ဖုန်းနှင့်ငွေသား ဘတ် ၂ သောင်းကို သက်သေခံပစ္စည်းများအဖြစ် သိမ်းဆည်းနိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။
.
ထွက်ပြေးလွတ်မြောက်နေသော သံသယတရားခံ ၁ ဦးကို ဖမ်းဆီးနိုင်ရန်အတွက် ကွင်းဆက်ရှာဖွေပြီး ကြိုးပမ်းနေသည်ဟု ထုတ်ပြန်သည်။
.
အဆိုပါ ရွှေ့ပြောင်းလူငယ်များသည် မဲဆောက်မြို့နယ်တွင်နေထိုင်သူများဖြစ်ကြပြီး ရရှိလာသောငွေများ ကို မူးယစ်ဆေးဝါးဝယ်ယူပြီး သုံးစွဲကြသည်ဟု ထုတ်ပြန်သည်။
.
Photo: ข่าว สวท แม่สอด
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ
.

SHARE THIS NEWS

OTHER NEWS