3 May 2024

ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီမြို့ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ထိုင်းဘက်ခြမ်းမှာပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေ သြဂုတ်လ ၁ ရက်နေ့ကနေစပြီး တစ်ရက်ခြားလူ ၂၀၀ ဦီးလက်ခံပေးဝင်တဲ့နေရာမှာ သြဂုတ်လ ၁၇ ရက်နေ့ အချက်အလက်အရ လူဦီးရေ ၁၈၀၀ ကျော်အိမ်ပြန်ခွင့်ရကြပြီဟု ကေအိုင်စီ သတင်းဌာနကဖော်ပြထားပါတယ်။

ထိုင်းမှာကူးစက်ပြန့်ပွားနေတဲ့ ကိုဗစ်ပထမလိုင်း၊ ဒုတိယလိုင်းနဲ့ တတိယလိုင်းတွေမှာ မြန်မာလုပ်သားတွေလဲ အလုပ်လက်မဲ့ဖြင့် ရင်ဆိုင်နေရပြီး စားဝတ်နေရေးအခက်ခဲတွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် အိမ်ပြန်ခွင့်ရဖို့အတွက် များစွာတောင်းတနေကြပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေခရိုင်ဖြတ်ကျော်သွားလာ၍ မရသေးတာရယ်။ နယ်စပ်အထိ ခရီးသည်တင်ယာဉ် ပို့ဆောင်ပေးတဲ့ခရီးစဉ်ရပ်ဆိုင်းထားတာရယ်နဲ့ ထိုင်းနိုင်ငံရဲ့ ခရိုင်ပေါင်း ၇၇ ခုမှာရှိကြတဲ့ မြန်မာတွေအိမ်ပြန်ခွင့်ရဖို့ အခက်ခဲတွေနဲ့ ရင်ဆိုင်နေကြရပြီး အာဏာပိုင်တွေဘက်က အစီစဉ်ကိုလဲစောင့်နေကြပါတယ်။

ထိုင်းကနေပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ မြဝတီဘက်မှာ “ပြန်လာသူများထဲက မြဝတီခရိုင်နဲ့ကော့ကရိတ်ခရိုင်မှ နေရပ်ပြန်များကိုတော့ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိကို နယ်စပ်မှာပဲ ချက်ချင်း စစ်ဆေးပေးပါတယ်။ ရောဂါပိုးရှိသူများအား မြဝတီမြို့ မဲကနယ်ကိုဗစ်စင်တာမှာ ကုသမှု ခံယူစေပြီး ရောဂါပိုးမရှိသူများကို အမှတ် ၄ ရပ်ကွက် ကျောက်လုံးကြီး Quarantine စခန်းမှာ (၁၀)ရက် စောင့်ကြည့်ထားတယ်” ဟု မြဝတီနယ်စပ်မှ နေရပ်ပြန်ကြိုဆိုလက်ခံရေးဆောင်ရွက်ပေးနေသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

 

ယခုကာလအတွင်း ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာလုပ်သား အများစုမှာ ခရီးစရိတ် ထိုင်းငွေ ဘတ် ၈၀၀၀ ဝန်းကျင်ခန့် ကုန်ကျမှုရှိခဲ့ပြီး ချက်ချင်းဆိုသလို ရာဇဝတ်သားတွေဖြစ်ပြီး အကျဉ်းသားတွေကိုပို့တဲ့ကားတွေနဲ့ နယ်စပ်ကို ထိုင်းရဲမှ ဖမ်းဆီးခံခဲ့ရသည့်ပုံစံမျိုးဖြင့် ပြန်လာခဲ့ရသည်ဟု နေရပ်ပြန် မြန်မာလုပ်သားတစ်ချို့၏ ပြောဆိုမှုအရ သိရသည်။

 

ကိုချစ် ဇွဲကပင်မြေ

#မြန်မာလုပ်သား #မဲဆောက် #မြဝတီ

SHARE THIS NEWS

OTHER NEWS