26 April 2024

ပရာကျင်ဘူရီမှာနေတဲ့ အသက် ၄၀ အရွယ်ထိုင်းအမျိုးသားတစ်ဦးဟာ ကွဲသွားတာမကြာသေးတဲ့ သူ့အမျိုးသမီးရဲ့ အသက်ကို ချဲဂဏန်းကောက်ပြီး ထိုးလိုက်ရာက ပထမဆု ဘတ် ၆ သန်း ကံထူးသွားခဲ့တယ်လို့ သတင်းတွေမှာဖေါ် ပြထားပါတယ်။

 

ပထမဆု ကံထူးခဲ့တဲ့ အဆိုပါ ထိုင်းအမျိုးသားဟာ ပရာကျင်ဘူရီခရိုင် ကဘင်ဘူရီက အီလက်ထရောနစ် အပိုပစ္စည်းထုတ်လုပ်တဲ့ အလုပ်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဘတ် ၆ သန်း ကံထူးပြီးနောက် အရင်ဆုံးအိမ်ဝယ်ပြီး စီးပွားရေးတစ်ခုခုလုပ်မယ်လို့ဆိုပါတယ်။ ဒါပေယ့်လက်ရှိမှာတော့ ထီပေါက်လို့ ရလာတဲ့ ငွေတွေကို ဘဏ်မှာပဲအရင်အပ်ကာ အလုပ်ရုံမှာဆက်လက်လုပ်ကိုင်သွားဦးမှာဖြစ်တယ်လို့ မီဒီယာကိုပြောခဲ့ ပါတယ်။

 

ဘယ်လိုရည်ရွယ်ချက်နဲ့ထီဝယ်ဖြစ်ခဲ့တာလဲဆိုတာကို မေးမြန်းကြည့်ခဲ့ရာ သူက ထီဆိုင်ရှေ့မှာ ထီဂဏန်းရွေး နေရင်း မကြာသေးခင်က ကွဲသွားတဲ့သူ့ရဲ့အမျိုးသမီးကို သတိရလာတာကြောင့် အမျိုးသမီးရဲ့အသက်ကို ထီဂဏန်းကောက်ပြီး နောက်ပိတ် ၂ လုံးရွေးဝယ်ရင်း ကံထူးသွားခဲ့ရတာလို့ဖြေကြားခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS