2 May 2024

ဘတ်ငွေကို အသိအမှတ်ပြုပြီး တိုင်းပြည်ကို “ဝကွက်” အပ်တော့မှာလား
.
ဩဂုတ် ၃၀ ရက်၊ ၂၀၂၃
.
အခုဆို ရန်သူက ကြံရာမရ ဖြစ်သွားတဲ့ အဆုံးမှာ ထိုင်းနိုင်ငံရဲ့ ငွေကြေးဖြစ်တဲ့ ဘတ်ကို နိုင်ငံတကာ ငွေကြေး အနေနဲ့ တရားဝင်လက်ခံလိုက်တဲ့ စာတွေထုတ်လာရတယ်။ သူအသက်ရှု ကြပ်လာတဲ့အချိန်မှာ ကြံမိကြံရာ၊ လုပ်မိလုပ်ရာ ၊ အသက်ဆက်ရှင်ဖို့ အတွက်လုပ်တဲ့ သဘောပဲ။
.
ဒါပေမဲ့ ဒီလိုကိစ္စရပ်တွေက တိုင်းပြည်ကတော့ တော်တော်နစ်နာတဲ့ ကိစ္စရပ်တွေပဲ။ ထိုင်းဘတ် ကို နိုင်ငံတကာ ငွေလွှဲပြောင်းမှုနဲ့ ပေးချေမှုနဲ့ စပ်လျဥ်းတဲ့ ကိစ္စရပ်ကို တရားဝင်ငွေကြေး အဖြစ်သတ်မှတ်ဖို့က ပြီးခဲ့တဲ့ NLD အရပ် သား အစိုးရလက်ထက်မှာကိုက ထိုင်းအစိုးရဘက်က တစိုက်မတ်မတ် တောင်းဆိုခဲ့တယ်။
.
ဘာကြောင့်လဲဆိုတော့ သူတို့အတွက်က အသာကြီးပဲ။ သူတို့တောင်းဆိုမှု၊ ဒီလိုသတ်မှတ်မှုရဲ့ အကျိုးကျေးဇူးက အဓိက ဘယ်သူရသွားမှာလဲဆိုတော့၊ ထိုင်းနိုင်ငံပဲ ရသွားမှာပဲ ဖြစ်တယ်။ ထိုင်းငွေကြေး တည်ငြိမ်မှုနဲ့ မြန်မာ ငွေကြေး တည်ငြိမ်မှုက မတူဘူး။ ယခင်ကတောင်မှ နည်းနည်း ကွာသေးတယ်။ အခု ပိုဆိုးပြီ။
.
နောက်တခုက ကုန်သွယ်မှု အင်အား ရှိမှု၊ Trade ပါဝါ။ အပြန်အလှန်ကုန်သွယ်မှု အင်အားရှိမှုမှာလဲ ထိုင်း နဲ့ မြန်မာ ယှဥ်လို့မရဘူး။ နောက်တချက်က ထိုင်းနိုင်ငံရဲ့ ငွေရေး ၊ကြေး‌ရေး ဆိုင်ရာမူဝါဒ Monetary Authority ထိုင်းဗဟိုဘဏ် ရဲ့ ဆောင်ရွက်နိုင်စွမ်းနဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်ဟု ခေါ်သောပေါ့။ ထင်ရာ လုပ်နေတဲ့ မြန်မာဗဟိုဘဏ်နဲ့က ဘယ်လိုမှ ယှဥ်လို့မရဘူး။
.
ဒါမျိုး ကိစ္စရပ်တွေကို နိုင်ငံတကာမှာ သိပ်ပြီးတော့ ဂရုစိုက်ကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တိုင်းပြည်တခုရဲ့ ငွေကြေးက အဲ့ဒီတိုင်းပြည်ရဲ့ အချုပ်အခြာအာဏာလို့တောင်ပြောကြတယ်။ နမူနာ အနေနဲ့ ကျနော်ပြောရမယ်ဆိုရင် မင်းအောင်လှိုင် ရဲ့ ဆရာဖြစ်တဲ့ ရုရှား ကိုကြည့်၊ ရုရှား ယူကရိန်းနဲ့ စစ်ဖြစ်တယ်။
.
စစ်ဖြစ်တဲ့ အချိန်မှာ အမေရိကန် အပါအဝင် အီးယူတို့ကနေပြီး စီးပွားရေး ပိတ်ဆို့တယ် Sanction တွေချတယ်၊ Sanction တွေချတော့ ဒေါ်လာနဲ့ ပက်သတ် ပြီးတော့ကုန်သွယ်မှုတွေ အားလုံးရပ်ဆိုင်းတယ်၊ ရပ်ဆိုင်းသွားတဲချိန်မှာ ပူတင်ခေါင်းဆောင်တဲ့ ရုရှားအစိုးရက ဒေါ်လာ နေရာမှာ Yuanization ဆိုပြီး တရုတ်ငွေကို သုံးဖို့ ဆုံးဖြတ်တယ်၊ သုံးလဲ သုံးတယ်။
.
အခု ကျနော်တို့ ထိုင်းငွေကို သတ်မှတ်လိုက်သလိုပဲ။ တရုတ်ငွေကို ၊နိုင်ငံတကာငွေပေးချေမှုကို လက်ခံပါတယ် ဆိုပြီးတော့ ရုရှားအစိုးရက သတ်မှတ်လိုက်တာနဲ့ ပက်သတ်ပြီး နိုင်ငံတကာမှာ အသံတွေ ပွက်လော ညံနေတယ်။ သုတေသနသမားတွေကော၊ တရုတ် နိုင်ငံရဲ့ စီးပွားရေး ပေါ်လစီ နဲ့ စီးပွားရေး ပါဝါ၊ ရုရှား အစိုးရက ခေါင်းထိုးခံပြီး တော့ တရုတ်ကို ဝကွက် အပ်လိုက်တာပဲ။
.
တနည်း ပြောရရင် ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်နေရင်း သူများပြုသမျှ နုပါတော့မယ်လို့ ပုံအပ်လိုက်ရတဲ့ ဝကွက် အပ်လိုက်ရတဲ့ ပုံစံမျိုး အထိ ပညာရှင်တွေကနေ ရေးသားနေတာတွေရှိတယ်။ ဒါ တွေကို လိုက်ဖတ်မယ်ဆိုရင် အများ ကြီး ရှိတယ်။
.
အဓိက ပြောချင်တာက ထိုင်းနိုင်ငံ ငွေကြေးကို ၊ ထိုင်းဘတ်ကို မြန်မာ နိုင်ငံရဲ့ တရား ဝင် ကြားခံငွေကြေးအဖြစ် သတ်မှတ်လိုက်တဲ့ ဆုံးဖြတ်ချက်၊ ဒီ ဆုံးဖြတ်ချက်က တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို တိုင်းပြည်ရဲ့ စီးပွားရေးကို ၊ တိုင်းပြည်ရဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်မှုကို တခြားနိုင်ငံ တခုကို ဝကွက်အပ်လိုက်တာနဲ့ အတူတူပဲ။
ဘာကြောင့်လဲဆိုတော့ ဒီဟာတွေနဲ့ ပတ်သက်လာရင် သူ့အခြေအနေ ကိုယ့်အခြေအနေ ကြည့်ရတယ်။ ကိုယ့်အခြေအနေ ငွေရေးကြေးရေးဖြစ်တဲ့ မြန်မာငွေတန်ဖိုးက နဲ့သထက် နဲ့လာတယ်၊ နဲ့လာတာလည်း သူတို့လုပ်လို့ ဖြစ်တယ်။
.
ကိုယ့်ငွေက တန်ဖိုး မရှိတဲ့ အချိန်မှာ နိုင်ငံတကာငွေကြေး၊ နိုင်ငံခြား တိုင်းပြည် တခုရဲ့ ငွေကြေးကို ကိုယ့်ငွေကဲ့သို့ အသိမှတ်ပြုလိုက်တဲ့ ကိစ္စက နောက်ပိုင်းကျလို့ရှိရင် ပြည်တွင်းမှာကိုက အဲဒီ ဘတ်တွေ ဆိုတာ ကျပ်အစားထိုး ဖြစ်လာမယ်။
.
ကျနော်တို့ တိုင်းပြည်ရဲ့ ကိုယ်ပိုင် ငွေကြေးအစား ထိုင်းနိုင်ငံရဲ့ ဘတ်ငွေတွေက ပြည်တွင်း အရောင်းအဝယ်တွေမှာ ဘတ် နဲ့ပဲပေးချေတာတွေ ဖြစ်လာလိမ့်မယ်။ မြန်မာ ငွေဆို မလိုချင်တော့ဘူး၊ ဘတ်နဲ့ပဲ ပေးပေါ့၊ အအေး ၁ ဘူး ဝယ်တာက အစ ဘယ်နှစ်ဘတ် ဆိုတာ လာလိမ့်မယ်။
.
အဲဒါက ကျနော်တို့ တိုင်းပြည်ရဲ့ ကိုယ်ခြေထောက်ပေါ် ရပ်တည်နိုင်စွမ်း၊ ကိုယ့် ငွေကြေးနဲ့ စီမံနိုင်စွမ်း၊ ခန့်ခွဲနိုင်စွမ်းကို တခြားတိုင်းပြည် တခုကို ထိုးအပ်လိုက်တာပဲ ဖြစ်တယ်။ ကျနော်တို့ အနေနဲ့ မြင်တယ်၊ သိတယ်၊ ဒါတွေသွားပြော နေလို့ လည်း အကြမ်းဖက်စစ်တပ်က ဂရုစိုက်မှာ မဟုတ်ဘူး။
.
သူဒီအချိန်မှာ ဘာတွေးနေလဲဆိုတာ သူ့သက်တမ်းကို နောက်ထပ် ၆ လ သို့မဟုတ် နောက်ထပ် ၁ နှစ်လောက်၊ သူအသက်ဆက် ရှင်နိုင်ဦးမလားဆိုတဲ့ အချက်ပေါ်မှာပဲ သူတွက်တယ်။
.
အဲဒီနောက်ထပ် သက်တမ်း ၆ လ သို့မဟုတ် သူ့ သက်ဆိုးကို ၆ လ သို့မဟုတ် ၁ နှစ် နေနိုင်ဖို့ အတွက်ဆိုရင် တိုင်းပြည် ဘာဖြစ်ဖြစ်၊ ပြည်သူ ဘာဖြစ်ဖြစ်ပဲ။
.
သူ့ရဲ့ ရှင်သန်မှုအတွက်ကို ကျန်တဲ့ အရာတွေ အကုန်ထိုးကျွေးမယ်၊ ဖြစ်ချင်ရာဖြစ် ဆိုတဲ့ ပုံစံမျိုး၊ သူ့မှာ အတွေးအခေါ် သေချာပေါက်ရှိတယ်၊ ကျနော် တို့ မှန်းလို့ရတယ်။
.
ဒါကြောင့်မို့လို့ အဆုံးသတ်အနေနဲ့ ပြည်သူကို ကိုမင်းကိုနိုင် စကားနဲ့ပဲအဆုံးသတ်ချင်တာက ယုံကြည်သူ ရှေ့မှောက်ကော၊ မယုံကြည်သူရှေ့မှောက်ကော နွေဦးက ရောက်လာပြီ။
.
အကြမ်းဖက် စစ်တပ် ရဲ့ ဖက်ဆစ်စစ်တပ်ရဲ့ စစ်အာဏာရှင် ရဲ့ ဒုက္ခအလုံးစုံ အဝဝ၊ ပြောမပြနိုင်လောက်တဲ့ ဆိုးကျိုး ဒီအရာတွေက မြန်မာနိုင်ငံသူ၊နိုင်ငံသား အားလုံးကို၊ ဓမ္မဘက်ကော၊ အဓမ္မဘက်ကော အကျအပေါက် မရှိ ရောက် နေပြီ။ ဒါ ထင်သာ မြင်သာရှိတယ်၊ အားလုံးလည်း မြင်နေကြရတယ်။
.
ဒါကြောင့်မို့လို ကျနော်တို့ အနေနဲ့ တရားခံ အစစ်ဖြစ်တဲ့ ဘုံရန်သူကို ကျရာ နေရာ အခန်းကဏ္ဍ ကနေပြီးတော့ သူ့ဘက်၊ကိုယ့်ဘက် မခွဲတော့ဘဲနဲ့ လက်တွဲပြီးတော့ပဲ ကျနော်တို့ အားလုံး ဒီပွဲကို အချိန်တိုအတောအတွင်းမှာ အမြန်ဆုံးနဲ့ အပြတ်သားဆုံး ‌ချေမှုန်းပြီးတော့ အောင်ပွဲ ပန်းတိုင်ကို ရောက်အောင်သွားကြပါစို့ ၊ရောက်အောင် ချီတက်ကြပါစို့ လို့တိုက်တွန်းရင်းနဲ့ပဲ ကျနော်အနေနဲ့ မေတ္တာရပ်ခံအပ်ပါတယ်။
.
မူရင်း : The Voice of Spring
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ
.

SHARE THIS NEWS

OTHER NEWS