27 April 2024

ဩဂုတ်လ ၁၈ ရက် ၂၀၂၁

 

ထိုင်းနိုင်ငံကျူလာလောင်းကွန်းဆေးရုံနှင့်ထိုင်းကြက်ခြေနီအဖွဲ့ချုပ်တို့ ပူးပေါင်းထုတ်လုပ်နေသည့်ChulaCOV19 ကာကွယ်ဆေးသည်

ပထမအဆင့်စမ်းသပ်မှုတွင်အောင်မြင်မှုရရှိပြီး ထစ်ငေါ့မှုမရှိလျင်လာမည့် အောက်တိုဘာလတွင် ထိုင်းထုတ်ကာကွယ်ဆေးကိုစတင်

မြင်တွေ့ရမည်ဟု ကာကွယ်ဆေး စီမံကိန်းမန်နေဂျာက ထုတ်ပြန်ကြေညာသည်။

 

 

ထိုင်းနိုင်ငံရှိ ကျူလာလောင်ကွန်းဆေးရုံ နှင့် ထိုင်းကြက်ခြေနီအဖွဲ့ချုပ်ပူးပေါင်းထုတ်လုပ်လျက်ရှိသည့်ChulaCOV19 ကာကွယ်ဆေးသည်

 

ပထမအဆင့်စမ်းသပ်မှုတွင် အသက် ၁၈ နှစ် မှ ၅၅ နှစ်ရှိ စေတနာ့ ဝန်ထမ်း ၃၆ ဦးကိုစမ်းသပ်ထိုးနှံရာတွင် အောင်မြင်မှုရရှိသည်ဟု

ကျူလာလောင်ကွန်းဆေးတက္ကသိုလ်၊ကာကွယ်ဆေးသုတေသနဌာန၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရေးစီမံကိန်းမန်နေဂျာ

ပါမောက္ခ ဒေါက်တာ ကီယက် ရတ်ရွန့်ဌမ်က အွန်းလိုင်းသတင်းပြန်ကြားစဉ်ပြောကြားခဲ့သည်။

.

ပထမအဆင့်စမ်းသပ်ချက်တွင် ChulaCOV19 ကာကွယ်ဆေးသည် ဖိုက်ဇာနှင့် BNT တို့၏ mRNA ကာကွယ်ဆေးနည်းတူပဋိပစ္စည်း

 

ကိုယ်ခံအားစနစ်ကိုလှုံ့ဆော်ပေးနိုင်ကြောင်း၊ မူရင်းမျိုးကွဲဗိုင်းရပ်စ်ပိုး များကိုခုခံရာတွင် ပဋိပစ္စည်းကိုကောင်းမွန်စွာလှုံ့ဆော်ပေးနိုင်ကြောင်း၊

 

ပဋိပစ္စည်းအလွန်မြင့်မား၍ အယ်လဖာ၊ ဘေတာ၊ ဂမ်မာ၊ ဒေလ်တာ စသည့်မျိုးကွဲ ၄မျိုးကိုခုခံနိုင်ကြောင်း၊ပိုးရှိလူနာ၏ဆဲလ်အတွင်းရှိ

 

ဗိုင်းရပ်စ်ပိုးများကိုတိုက်ဖျက်ခြင်းနှင့်ထိန်းချုပ်ခြင်းကိုလုပ်ဆောင်ပေးမည့် တီ-ဆဲလ်အမျိုးအစားကိုယ်ခံအားစနစ်ကိုလှုံ့ဆော်ပေးနိုင်ကြောင်း

 

၎င်းကဆက်လက်ပြောကြားသည်။

.

တဆက်တည်းတွင် စေတနာ့ဝန်ထမ်းများဖြင့် 2a အဆင့်စမ်းသပ်မှုကို လာမည့်ဩဂုတ်လ ၂၅ နေ့ တွင် စတင်နိုင်မည်ဟုခန့်မှန်းထားပြီး

2b အဆင့်နှင့်တတိယအဆင့်စမ်းသပ်မှုအတွက် ထိုင်းနိုင်ငံ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးရုံး (FDA) ထံမှကာကွယ်ဆေးမှတ်ပုံတင်

 

လျှောက်ထားခြင်းစည်းကမ်း ချက်ကိုစောင့်ကြည့်ရမည်ဟုဆိုသည်။ အထစ်အငေါ့တစ်စုံတစ်ရာမရှိလျင် လာမည့်အောက်တိုဘာလ၌

 

ထိုင်းနိုင်ငံတွင် ၁၀၀ ရာခိုင်နှုန်းထုတ်လုပ်သောကာကွယ်ဆေးကိုမြင်တွေ့ရမည်ဟု ရာထားကြောင်း မန်နေဂျာကဆက်လက်ပြောကြားသည်။

SHARE THIS NEWS

OTHER NEWS