26 April 2024

ဗီဇာကြေး ဘတ် ၅၀၀ သတ်မှတ်နိုင်ရန် ပြင်ဆင်
.
ဇွန် ၂၀ ရက်၊ ၂၀၂၃
.
ရွှေ့ပြောင်းလုပ်သားများ၏ ဗီဇာကြေးကို ဘတ် ၅၀၀ အဖြစ် ပြောင်းလဲသတ်မှတ်နိုင်ရန်အတွက် ယမန်နေ့တွင်ကျင်းပခဲ့သော ထိုင်း-မြန်မာ နှစ်နိုင်ငံညှိနှိုင်းအစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးမှုရှိခဲ့ သည်ဟု ထိုင်းအလုပ်အကိုင်ရှာဖွေရေး ညွှန်ကြားမှုဦးစီးဌာန က ဖော်ပြထားသည်။
.
ပြီးခဲ့သော ဇွန်လ ၁၉ ရက်နေ့ (၂၀၂၃) မနက် ၁၀ နာရီအချိန်တွင် ထိုင်းအလုပ်အကိုင်ရှာဖွေရေးညွှန်ကြား ရေးမှူးချုပ် က သဘာပတိအဖြစ်ဦးဆောင်ကျင်းပခဲ့သော ထိုင်း-မြန်မာ ဦးစီးဌာနအဆင့် ဗီဒီယိုကွန်းဖရင့် ညှိနှိုင်းအစည်းအဝေးတွင် အလုပ်သမားအရေးနှင့်ပတ်သက်ပြီး အချက် ၄ ချက်ကို အဓိကထား ဆွေးနွေး ညှိနှိုင်းခဲ့သည်ဟု ဖော်ပြထားသည်။
.
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အတွင်း ပါမစ်နှင့်ဗီဇာ ၄ နှစ်စေ့ သော MoU အလုပ်သမားများအား စီမံခန့်ခွဲရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။
.
တဆက်တည်းတွင် အလုပ်သမားများ၏ဗီဇာကြေးကို ဘတ် ၂၀၀၀ သတ်မှတ်ထားရာက ဘတ် ၅၀၀ အဖြစ်လျှော့ချသတ်မှတ်ရန် ဆွေနွေးခဲ့သည်။
.
တချိန်တည်းတွင် အလုပ်ရှင်နှင့်အလုပ်သမား နှစ်ဦးသဘောတူ အလုပ်ငှားရမ်းခြင်းစာချုပ် ချုပ်ဆိုထား သော်လည်း လုပ်သားခေါ်ယူနိုင်ခြင်းမရှိသော အလုပ်ရှင်များအတွက် လက်တွေ့ကျကျဖြေရှင်းပေးရန် ဆွေးနွေးခဲ့သည်။
.
အလာတူး MoU လုပ်သားများ၏အလုပ်အကိုင်အခြေအနေနှင့် အလုပ်ငှားရမ်းစာချုပ်သက်တမ်းတိုးခြင်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု ဆက်လက်ဖော်ပြထားသည်။
.

SHARE THIS NEWS

OTHER NEWS