26 April 2024

ထိုင်းနိုင်ငံတွင် နံနံပင်ဈေးနှုန်းမြင့်မားနေမှုကိုဖြေရှင်းရန် စစ်တပ်မြေများတွင် နံနံပင်စိုက်ပျိုးပြီး ဈေးကွက်ထဲရောင်းချပေးရန် ထိုင်းဝန်ကြီးချုပ် ညွှန်ကြား။

 

ရေကြီးရေလျှံမှုကြောင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများရေနစ်မြှုပ်ပျက်စီးသွားပြီးနောက် ထိုင်းနိုင်ငံတွင်ဟင်းသီးဟင်းရွက်ဈေးနှုန်းခုန်တက်ခဲ့ပြီး နံနံပင် ၁ ကီလိုဂရမ်လျှင် ဘတ် ၄၀၀ အထိပေးဝယ်နေရ၍ နိုင်ငံတဝှမ်းရှိစားသောက်ဆိုင်မျာနှင့်အိမ်ရှင်မများအတွက် အခက်အခဲဖြစ်စေခဲ့သည်ဟု ထိုင်း စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီး ချလုန်းချိုင် စီးအွန် ကဆိုသည်။

 

 

တဆက်တည်းတွင် အများပြည်သူနေ့တိုင်းစားသုံးနေရသော ဟင်းသီးဟင်းရွက်များဈေးနှုန်းမြင့်မားမှုကိုတစ်ဖက်တစ်လမ်းမှကုစားပေးနိုင်ရန်အတွက် ထိုင်းစစ်တပ်ပိုင်မြေကွက်များတွင် နံနံပင်အပါအဝင်မီးဖိုချောင်သုံးဟင်းသီးဟင်းရွင်များစိုက်ပျိုးရန် ဝန်ကြီးချုပ်မှညွှန်ကြားထားသည်ဟု စိုက်သမဝန်ကြီးကဆိုသည်။

 

“ရေကြီးရေလျှံမှုကြောင့် အသီးအရွက်ဈေးတက်သွားတာပါ အချိန်တိုတစ်ခုလောက်သာသက်ရောက်မှုရှိနိုင်ပါတယ် မကြာခင်မှာအဆင်ပြေသွားမှာပါ အခုဆိုရင် စစ်တပ်မြေကွက်တွေမှာ အသီးအရွက်တွေစတင်စိုက်ပျိုးနေပါပြီ အထူးသဖြင့်နံနံပင်ပေါ့ ဟင်းသီးဟင်းရွက်တွေကိုနေ့စဉ်စားသုံးနေရတဲ့ပြည်သူတွေကိုကူညီဖို့ရည်ရွယ်ထားပါတယ် စစ်တပ်မြေပေါ်မှာစိုက်ပျိုးတဲ့နံနံပင်တွေဈေးကွက်ထဲရောင်းချနိုင်တဲ့အခါ ဈေးပြန်ကျသွားမှာပါ” ဟု ဝန်ကြီးကဆက်လက်ပြောကြားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS