3 May 2024

ထိုင်းတွင် ၇ ရက်အတွင်း ဖေ့စ်ဘွတ်ပလက်ဖောင်းပိတ်ရန် တရားရုံထံ ဦးတိုက်လျှောက်ထားမည်
.
ဩဂုတ် ၂၆ ရက်၊ ၂၀၂၃
.
ထိုင်းတွင် (၇) ရက်အတွင်း ဖေ့စ်ဘွတ်ပလက်ဖောင်းပိတ်သိမ်းရန်အတွက် ထိုင်းအာဏာပိုင်များက တရားရုံးထံ ဦးတိုက်လျှောက်ထားမည်ဟု ထိုင်းပြည်သူ့ဝန်ဆောင်သတင်းဌာနတခုဖြစ်သော Thai Pbs World သတင်း ဝဘ်ဆိုက် က လွန်ခဲ့သော ဩဂုတ်လ ၂၂ ရက်နေ့ (၂၀၂၃) တွင် ဖော်ပြထားသည်။
.
ဖေ့စ်ဘွတ်က ရာဇဝတ်ဂိုဏ်များဖွင့်ထားသော လိမ်လည်ရင်းနှီးမြှုပ်နှံမှုပေ့ချ်များထံမှ ကြော်ငြာခရယူခဲ့ပြီး အဆိုပါလူလိမ်ပေ့ချ်များက ထိုင်းပြည်သူ (၂) သိန်းကျော်ကို လိမ်လည်ခဲ့သည်ဟု ဖော်ပြထားသည်။
.
ယင်းလိမ်လည်မှုများကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုသည် ဘတ်ငွေ သန်း (၁) သောင်း အထိ မြင့်မားနိုင် ခြေရှိသည်ဟု ထိုင်းဒစ်ဂျစ်တယ်စီးပွားရေးနှင့်လူမှုရေးဝန်ကြီး Chaiwut Thanakamanusorn က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
.
“ဒီပြသနာနဲ့ပတ်သက်လို့ ပလက်ဖောင်းပေါ်ကကြော်ငြာတွေကို စီစစ်ပေးဖို့ ထိုင်းအာဏာပိုင်တွေက ဖေ့စ်ဘွတ် ကို အကြိမ်ကြိမ်တင်ပြခဲ့ပေမဲ့ ဒီလိမ်လည်မှုတွေကို ကိုင်တွယ်တာနဲ့ပတ်သက်ပြီး ကျနော်တို့ကို အထောက် အကူမပြုပေးနိုင်ခဲ့ဘူး” ဟု ၎င်း က ဆိုသည်။
.
ထို့ကြောင့် ထိုင်းနိုင်ငံတွင် ဖေ့စ်ဘွတ်ပလက်ဖောင်းကို ၇ ရက်အတွင်း ပိတ်သိမ်းနိုင်ရန်အတွက် ထိုင်းအာဏာပိုင်
ဘက်က တရားရုံးထံဦးတိုက်လျှောက်ထားမည်ဟု ဝန်ကြီးက ပြောကြားသည်။
.
အဆိုပါ သတင်းစာရှင်လင်းပွဲတွင် ထိုင်းငွေကြေးနှင့် စတော့ခ်ဈေးကွက် ကွပ်ကဲရေးကော်မရှင် (Securities and Exchange Commission) ယာယီအထွေထွေအတွင်းရေးမှူး Thawatchai Pittayasophon အပါအ ဝင်၊ အီလက်ထရောနစ် အရောင်းအဝယ် မြှင့်တင်ရေး အေဂျင်စီ (Electronic Transactions Development Agency) အမှုဆောင်ဒါရိုက်တာ Chaichana Mitrpant နှင့် ဆိုက်ဘာမှုခင်း စုံစမ်းစစ်ဆေးရေးဗျူရို (Cyber Crime Investigation Bureau) မှ ဒုရဲမင်းကြီး Pol Maj General Thaayut Chantworn တို့ တက် ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။
.
ထို့နောက် ဖေ့စ်ဘွတ်အနေဖြင့် ထိုင်းတွင်ဆက်လက်တည်ရှိလိုပါက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တာဝန်ယူမှု တာဝန်ခံမှု ပိုမိုပြသရမည်ဟု Chaiwut Thanakamanusorn က ဆိုသည်။
.

SHARE THIS NEWS

OTHER NEWS