29 April 2024

လာ့ကရဘန်းတွင် ဆောက်လုပ်ဆဲမိုးပျံလမ်း ပြိုကျ ၁ ဦးသေဆုံး ၇ ဦးဒဏ်ရာရရှိ
.
ဇူလိုင် ၁၀ ရက်၊ ၂၀၂၃
.
မြို့တော်ဗန်ကောက်အရှေ့ပိုင်း လာ့ကရဘန်းမြို့နယ်၊ ထပ်ရောင်မြို့နယ်ခွဲ၊ လွန်းဖဲ့ လမ်းမကြီးပေါ်ရှိ လာ့ကရဘန်းလိုတကုန်တိုက်ရှေ့ရှိ မီးပွိုင်တနေရာတွင် ယနေ့ညနေ ၆ နာရီ ၈ မိနစ်အချိန်၌ ဆောက်လုပ် ဆဲမိုးပျံလမ်းပိုင်းပြိုကျမှုဖြစ်ပွားခဲ့သည်ဟု ထိုင်း ရတ်သတင်းဌာနက ဖော်ပြထားသည်။
.
အဆိုပါလမ်းအစိတ်အပိုင်းပြိုကျရာက မော်တော်ယာဉ်နှင့်လူတချို့ကို ပိမိ၍ လူ ၁ ဦးအသက်သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသည့် အနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ဖော်ပြထားသည်။
.
အခင်းဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များနှင့်ရဲတပ်ဖွဲ့ရောက်ရှိလာပြီး ကယ်ဆယ်လုပ်ငန်းများကို အားချင်းဆောင်ရွက်လျက်ရှိသည်ဟု ဆက်လက်ဖော်ပြထားသည်။
.
Photo: Phuket Smart News
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ
.

SHARE THIS NEWS

OTHER NEWS