10 May 2024

ထိုင်းတွင် စားသုံးသူများက ဝက်သား ၁ ကီလိုဂရမ်ကို ဘတ် ၂၂၀ ဖြင့်ဝယ်ယူနေရသော်လည်း ခြံရှေ့ဈေးမှာ ၁ ကီလိုဂရမ်ကို ၆၀ ဘတ်သာဈေးပေါက်သည်ဟု ဝက်မွေးမြူရေးတောင်သူ ဆို။

ထိုင်းနိုင်ငံတွင် ဝက်သားဈေး ၂ ဆနီးပါးမြင့်တက်သွားပြီးနောက် စားသုံးသူများက ဝက်သား ၁ ကီလိုဂရမ်ကို ၂၂၀ ဘတ် မှ ၃၀၀ ဘတ်အထိပေးပြီး ဝယ်ယူစားသုံးနေရသော်လည်း ဝက်မွေးတောင်သူများက ဝယ်လက်များကို ၁ ကီလိုဂရမ်လျင် ၆၀ ဘတ်ဖြင့်သာရောင်းချနေရသည်ဟု ထိုင်းနိုင်ငံအရှေ့ပိုင်း ရယောင်းခရိုင် ကလယ်မြို့နယ်ရှိ ဘန်ထွမ်ဖာမ်ဝက်ခြံပိုင်ရှင် ပရင်ယာထစ် စူဆား အသက် ၅၀ နှစ်က ဆိုသည်။

ဈေးကွက်ထဲတွင်ဝက်သားပြတ်လပ်၍ ဝက်သားဈေးတက်သွားသည်ဟုဆိုသော်လည်း ရယောင်း ကျန်ထဘူရီ တရတ် စသည့်ခရိုင်များရှိဝက်မွေးခြံများတွင် ရောင်းတန်ဝင်သည့်ဝက်အကောင်ရေသောင်းဂဏန်းအထိရောင်းမထွက်၍ နေ့စဉ်ဝက်မွေးစရိတ်ကုန်ကျခံနေရသည်ဟု ဆိုသည်။

ခြံရှေ့ဈေးမှာ ၆၀ ဘတ်သာရှိနေသော်လည်း ဆင်းတုံးရှေ့ဈေးမှာ ၂၂၀ ဘတ်ဖြစ်နေသည်ကို သူမအံအားသင့်နေသည်ဟု ဆိုသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS