25 April 2024

ကျပ်ငွေတန်ဖိုး ဆက်တိုက်ထိုးကျ
.
ဩဂုတ် ၁၃ ရက်၊ ၂၀၂၃
.
စင်ကာပူနိုင်ငံမှ United Overseas Bank-UOBက မြန်မာစီးပွားရေး လုပ်ငန်း များနှင့်ဘဏ်များ၏ ငွေစာရင်းပိတ်ပင်မှု ၏ နောက်ဆက်တွဲကြောင့် ပြည်တွင်း စီးပွားရေးစျေးကွက်တွင် ကျပ်ငွေတန်ဖိုး ဆက်တိုက် ထိုးကျလျက် ရှိကြောင်း ပြည်တွင်းစီးပွားရေးစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်ဟု ရန်ကုန်ခေတ်သစ်က ဖော်ပြထားသည်။
.
UOB ဘဏ်က ယခု ဩဂုတ်လ နှင့် စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး မြန်မာစီးပွားရေးလုပ်ငန်းများနှင့် ဘဏ်များ ၏ ငွေစာရင်းများအားလုံးကို ပိတ်သိမ်းကန့်သတ်ဖြစ်ရာ ယင်းနောက်ဆက်တွဲအဖြစ် ငွေကြေးများကို အခြားလွှဲပြောင်း မှုများ ဖြစ်ပေါ်နေပြီး မြန်မာကျပ်ငွေတန်ဖိုးမှာလည်း ဆက် တိုက် ထိုးကျလျက်ရှိကြောင်း သိရှိရသည်။
.
“UOB သတင်းထွက်ကတည်းက ကျပ်ငွေ တန်ဖိုးတွေ ထိုးကျနေတယ်။ နောက် တစ်ခါ ထိုင်းဘက်ကို ငွေကျပ် သိန်း ထောင် သောင်းချီ ဘတ်ငွေအဖြစ် အလွှဲ အပြောင်းတွေ များတယ်။ ဒေါ်လာ အရွက်ပြန်ဝယ်တာလည်း များတယ်။ ကျပ် ငွေကို ကိုင် မထားကြတာ။ ဘဏ်တွေရဲ့ နိုင်ငံခြားငွေစာရင်းတွေပါ အပိတ်ခံ ရတော့ ပြည်တွင်းထဲမှာတော့ အတော်တော့ ဂယက် ရိုက်ခတ်မှုကြီးတယ်” ဟု UMFCCI နှင့်ဆက်နွယ်နေသော ရန်ကုန်စီးပွားရေးသမားက ပြောသည်။
.
အခြားတစ်ဖက်တွင်လည်း ယခုဩဂုတ်လကုန်မှစတင်၍ နှစ်သောင်းတန်များ ပေါပေါသီသီ ထွက်ရှိလာမည်ဖြစ်ပြီး လက်ရှိတွင်လည်း နှစ်သောင်းတန်များ စျေးကွက်နှင်ဘဏ်များထံသို့ ပမာဏ အများအပြားဖြင့် ဝင်ရောက်နေကြောင်း၊ ယင်း၏ နောက်ဆက်တွဲအဖြစ်လည်း ကျပ်ငွေတန်ဖိုး ပိုမို ကျဆင်းနေကြောင်း သိရှိရသည်။
.
“တစ်သောင်းတန်ကို ပြန်သိမ်းပြီး နှစ်သောင်းတန်တွေ အများအပြား ထွက်လာ နေတာ၊ ထွက်လာဖို့ ရှိနေတာတွေ ကြောင့် ငွေလဲနှုန်းက မငြိမ်ဘူး။ အခုက အဖမ်းအဆီးလည်းများတယ်။ ရွှေကုန်သည်ရော၊ ဒေါ်လာသမားတွေရော လက်သေးကအစ စသုံးလုံးက ဖမ်းနေတယ်”ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။
.
လက်ရှိငွေလဲစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၃၆၀၀ ကျပ်ဝန်းကျင်၊ အခေါက်ရွှေတစ်ကျပ်သား ၃၇ သိန်း ကျော်၊ ထိုင်းတစ်ဘတ်လျှင် ငွေကျပ် ၁၀၀ ကျပ် ပတ်ဝန်းကျင်တွင် စျေးဆက်လက်တည်ရှိနေကြောင်း၊ ကျပ်ငွေ တန်ဖိုး ထိုးကျပြီး နိုင်ငံခြားငွေများ၏ တန်ဖိုးများ စျေးအမြင့်ပိုင်းသို့ ဆက်လက်မြင့် တက် နေမည်ဟု ရန်ကုန် စီးပွားရေးအသိုင်းအ၀ိုင်းက သုံးသပ်သည်။
.
Photo&Crd: ရန်ကုန်ခေတ်သစ်
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ
.

SHARE THIS NEWS

OTHER NEWS