3 May 2024

ထိုင်းနိုင်ငံ ဘိန်ကန်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က ဗျောက်အိုးကိုပါးစပ်မှာငုံထားခဲ့ရာက ဗျောက်အိုး ပေါက်ကွဲပြီး ပါးစပ်ပွင့်လျက်သား ဒဏ်ရာရသွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

 

 

 

ขอบคุณภาพจากเรื่องจริงผ่านจอ

ဖြစ်စဉ်မှာ စစ်မှုထမ်းခြင်းက ကင်းလွတ်ခွင့်ရပြီး သူငယ်ချင်းတွေနဲ့ အရက်ဝိုင်း‌သောက်နေတဲ့ ထိုင်းနိုင်ငံသား စစ်သားဟောင်းတစ်ဦး အသက် ၃၄ နှစ်ဟာ အရက်ဝိုင်းမှာ သူဟာ ဒုတ်ပြီးဓားပြီးကြောင်းကြွားဝါပြောဆိုပြီး ဗျောက်အိုးကို သူငယ်ချင်းတွေရှေ့မှာ ပါးစပ်ထဲထည့်ငုံပြခဲ့ရာက ပါးစပ်ထဲမှာ ဗျောက်အိုးပေါက်ကွဲခဲ့ပြီး ပါးစပ်ပွင့်လျက်သား ဒဏ်ရာရရှိခဲ့တာပါ။

 

ဒဏ်ရာရခဲ့တဲ့ အဆိုပါစစ်သားဟောင်းဟာ အဆောင်ပစ္စည်းတွေကို အကြွင်းမဲ့ရုံကြည်သူတစ်ဦးဖြစ်တယ်လို့ သူငယ်ချင်းတွေကပြောပြပါတယ်။

 

 

ขอบคุณภาพจากเรื่องจริงผ่านจอ

ဒဏ်ရာရသူဟာ အရက်ဝိုင်းမှာအတူသောက်စားနေချိန် သီတင်းကျွတ်လပြည့်နေ့ကကျန်တဲ့ ဘောလုံးသဏ္ဍန်ဗြောက်အိုး ၂ လုံးကို တွေ့ရှိခဲ့ရာက ဆက်စပ်ပြီး ဒုတ်ပြီးဓားပြီးအကြောင်းတွေပြောကာ သူငယ်ချင်းတွေရှေ့မှာ ဗျောက်အိုးကို ၂ ကြိမ်တိုင်ငုံပြခဲ့တာပါ။

 

 

ขอบคุณภาพจากเรื่องจริงผ่านจอ

အရက်အတူဝိုင်းသောက်ခဲ့တဲ့သူငယ်ချင်းတွေက သူကို ဒီလိုမလုပ်ဖို့ အကြိမ်ကြိမ်တားဆီးခဲ့ကြောင်း ပြောပါတယ်။ ဒါပေမယ့် ပထမအကြိမ်ငုံခဲ့တဲ့ ဗျောက်အိုးဟာ မပေါက်ကွဲခဲ့တာကြောင့် ဒဏ်ရာရသူ စစ်သားဟောင်းဟာ စိတ်ကြီးဝင်ပြီး ‌နောက်တစ်လုံးထပ်ငုံပြခဲ့ရာက ပါးစပ်ထဲမှာ ပေါက်ကွဲသွားခဲ့ တာဖြစ်ကြောင်းသိရပါတယ်။

 

ဒဏ်ရာရသူကို သူငယ်ချင်းတွေက ဖြစ်ဖြစ်ခြင်း ဆေးရုံကားဖုန်းဆက်ပြီး အချိန်မီဆေးရုံသို့ပို့ဆောင်ပေးခဲ့ ပါတယ်။ ဒဏ်ရာရသူဟာ အသက်ဘေးကလွတ်မြောက်ပေမယ့်လို့ ဗျောက်အိုးပေါက်ကွဲအားကြောင့် သွားတွေတစ်ချောင်းမကျန်ကျွတ်ထွက်သွားခဲ့တယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS