26 April 2024

ပြီးခဲ့သည့်စက်တင်ဘာ ၈ ရက်နေ့တွင် ရာထူးမှဖယ်ရှားခံရပြီးနောက် ထိုင်းအလုပ်သမားဒုဝန်ကြီးဟောင်းတွင် ပိုင်ဆိုင်မှု ဘတ် ၁၁၂ သန်းရှိဟု ထိုင်းအဂတိလိုက်စာမှုတိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်။

 

ပြီးခဲ့သည့်စက်တင်ဘာ ၈ ရက်နေ့တွင် ရာထူးမှဖယ်ရှားခံလိုက်ရပြီးနော် အာဏာရပါတီ PPRP Thailand ပါတီဝင်တစ်ဉီးဖြစ်သူ ထိုင်းအလုပ်သမားဒုဝန်ကြီးဟောင်း ပါမောက္ခ ဒေါက်တာ နရုမွန် ဖင်ယိုစင်းဝပ်၏ပိုင်ဆိုင်မှုကိုချပြခဲ့ရာတွင် စုစုပေါင်း ဘတ် ၁၁၂ သန်းရှိပြီး ဘတ် ၂၅ သန်းတန်လုံးကျင်းအိမ်မှာဈေးအကြီးဆုံးဖြစ်သည်ဟု ထိုင်းအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒီဇင်ဘာ ၁ ရက်နေ့တွင်ထုတ်ပြန်သည်။

 

သူမသည် ၂၀၂၀ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် အလုပ်သမားဒုဝန်ကြီးရာထူးကိုခန့်အပ်ခံခဲ့ရပြီး ၁ နှစ်သာသာတွင် ဖယ်ရှားခံခဲ့ရသည်။

 

 

ရာထူးမှဖယ်ရှားခံရပြီးနောက်တွင် ငွေသား ဘတ် ၁ သိန်းခွဲ၊ ဘဏ် ၄ ခုတွင်အပ်ငွေ ၄ သန်းခွဲ၊ ရင်းနှီးမြှုပ်နှံထားငွေ ဘတ် ၇ သန်းခွဲခန့်၊ မြို့တော်ဗန်ကောက်၊ ခန်နာယောင်မြို့နယ်ရှိ ပေါက်ဈေး ဘတ် ၁၂ သန်း ၇ သိန်းကျော်ရှိမြေကွက်၊ လုံးကျင်းအိမ် ဘတ် ၂၅ သန်း၊ မော်တော်ယာဉ် ဘတ် ၂ သန်း ၈ သိန်း ၅ သောင်း၊ စိန်လက်စွပ် ဘတ် ၁ သန်း စုစုပေါင်း ဘတ် ၅၃ သန်း ၆ သိန်းကျော်ရှိသည်ဟု ချပြခဲ့ပြီး လစာမှရရှိသည့် တစ်နှစ်တာဝင်ငွေမှာ ဘတ် ၉ သိန်း ၂ သောင်းကျော်ရှိပြီးထွက်ငွေမှာ ဘတ် ၁ သန်း ၈သိန်းကျော်ရှိသည် ဟု ဖော်ပြထားသည်။

 

သူမ၏ခင်ပွန်းဖြစ်သူမှာ ငွေသား ဘတ် ၂ သိန်း ၅ သောင်း၊ ဘဏ် ၉ ခုတွင်အပ်ငွေ ဘတ် ၄၂ သန်းကျော်၊ ရင်းနှီးမြှုပ်နှံထားငွေ ဘတ် ၈ သန်း ၇သိန်းခွဲ၊ ပေါက်ဈေး ဘတ် ၃ သန်း ၅သိန်းရှိ ဟွေ့ခဝမ်းရှိမြေကွက်၊ တောင်းဟောက်နေအိမ် ဘတ် ၂ သန်းခွဲ၊ စိန်နားဆွဲ ဘတ် ၈ သိန်း၊ နှစ်စဉ်ဝင်ငွေ ဘတ် ၁ သန်း ၉ သိန်း ၆ သောင်းကျော်ရှိပြီး ထွက်ငွေမှာ ဘတ် ၁ သန်း ၁ သိန်းရှိသည်ဟု ဖော်ပြထားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS