29 April 2024

ယခင်ကအသက် ၁၂ နှစ်နှင့်အထက်ရှိသူများကိုသာ ထိုးနှံခွင့်ပြုထားသော ဖိုက်ဇာကာကွယ်ဆေးကို အသက် ၅ နှစ် မှ ၁၁ နှစ်အတွင်းရှိကလေးများတွင် ထိုးနှံခွင့်ပြု။

 

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကိုလွှမ်းခြုံမှုအရှိဆုံးဖြစ်အောင်ကာကွယ်နိုင်ရန် အသက် ၅ နှစ် မှ ၁၁ နှစ်ရှိ ကလေးသူငယ်များကို ဖိုက်ဇာကာကွယ်ဆေးထိုးနှံခွင့်ပြုလိုက်ပြီဟု ပြီးခဲ့သည့်ဒီဇင်ဘာ ၂၀ ရက် နေ့တွင် ထိုင်းအစားအစောက်နှင့်ဆေးဝါးကွပ်ကဲရေးရုံး အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဖိုင်စန်း ဒန်ခွမ်း ကပြောကြားခဲ့သည်။

 

အသက် ၅ နှစ် မှ ၁၁ ရှိကလေးများကို အသားဆေးကာကွယ်ဆေးထိုးနှံပေးမည်ဟုသိရပြီး အသက် ၁၂ နှစ်အထက်ရှိသူများကိုထိုးနှံပေးသည့်ပမာဏ၏ ၃ ပုံ ၁ ပုံ သို့မဟုတ် ၁၀ မိုက်ခရိုဂရမ်ထိုးနှံပေးမည်ဟုဆိုသည်။ ယင်းကလေးများကို ၂၁ ရက်ခြားပြီး ၂ ကြိမ်ထိုးနှံပေးမည်ဟု ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS