10 May 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် သာရဖီမြို့တွင် အသားလုံး (လူ့ချင်း) ကြော်ရောင်းစားရန်အတွက်ဆိုင်တစ်ခုတွင် မီးဖိုချောင်သုံးဂက်စ်အိုးခိုးယူသူကို ဖမ်းဆီး။

 

အသားလုံးကြော်ရောင်းစားရန်အတွက် ချင်းမိုင်ခရိုင်၊ သာရဖီမြို့နယ်၊ ယန်နွန့်ကျေးရွာအုပ်စု၊ မူ-၄ ရှိ ဖတ်ထိုင်းကြော်နှင့်ပေါင်မုန့်ရောင်းချသည့်ဆိုင်တစ်ဆိုင်၏ ၅ ကီလိုဂရမ်အရွယ်အစားရှိပြီး ကာလပေါက်ဈေး ဘတ် ၁,၂၀၀ ခန့်ရှိသည့် မီးချောင်သုံးဂက်စ်အိုးတစ်လုံးကို ခိုးယူခဲ့သည့် သံသယတရားခံကို သာဖရီနယ်မြေရဲစခန်းနှင့်ပိုင်နယ်မြေရဲစခန်းတို့ ပူးပေါင်းပြီးဖမ်းဆီးနိုင်ခဲ့သည်ဟု Chiang Mai News သတင်းဌာန မှဖော်ပြထားသည်။

 

 

အဆိုပါသံသယတရားခံသည် မယ်ဟောင်ဆောင်ခရိုင်၊ ပိုင်မြို့နယ်တွင် အကင်ရောင်းစားနေသူတစ်ဦးဖြစ်ပြီး ဝယ်စားသူများ၍အလှေမီမကင်နိုင်ခြင်းကြောင့်ကြော်ရောင်းရန်အတွက် ပြီးခဲ့သည့်နိုဝင်ဘာ ၆ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်တွင် ဂက်စ်အိုးကိုခိုးယူခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုသည်။

 

၎င်းအား ယမန်နေ့တွင် ပိုင်နယ်မြေရဲစခန်းမှ မယ်ဟောင်ဆောင်ခရိုင်၊ ပိုင်မြို့နယ်၊ ဝီယန်တိုက်ကျေးရွာအုပ်စု၊ မူ-၁ ရှိနေအိမ်တွင်ဖမ်းဆီးနိုင်ခဲ့ပြီး ခိုးယူရာတွင်အသုံးပြုခဲ့သည့် မော်တော်ဆိုင်ကယ်၊ ဘောင်ဘီနှင့်အင်္ကျီတို့ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းနိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

 

ရဲတပ်ဖွဲ့၏လုံခြုံရေးကင်မရာစစ်ဆေးချက်အရ သံသယတရားခံသည်ဂက်စ်အိုးကိုသာခိုးယူခဲ့ပြီး အခြားဖောက်ထွင်းမှုများပြုလုပ်ခဲ့ခြင်းမရှိဟု သိရှိရသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS