3 May 2024

ဖျော်ဖြေရေးလုပ်ငန်းများကိုပြန်လည်ဖွင့်လှစ်ခွင့်ပြုလျှင် ရောဂါကူးစက်နိုင်ခြေမြင့်မား၍ ယခင်သတ်မှတ်ရက်အရ ဇန်နဝါရီလ ၁၆ ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်မည်ဟု ထိုင်းဝန်ကြီးချုပ်ဆို။

 

ဖျော်ဖြေရေးလုပ်ငန်းများကိုပြန်လည်ဖွင့်လှစ်ခွင့်ပြုလျှင် ရောဂါကူးစက်နိုင်ခြေမြင့်မား၍ အစုလိုက်အပြုံလိုက်ရောဂါကူးစက်နိုင်ခြင်းကြောင့် ရောဂါကူးစက်စေနိုင်သည့်အကြောင်းရင်းအမျိုးမျိုးကို ဘက်စုံသုံးသပ်ရမည်ဖြစ်ကြောင်း၊ ဖျော်ဖြေရေးလုပ်ငန်းများအနေဖြင့် COVID Free Setting စီမံချက်ကိုတင်းတင်းကျပ်ကျပ်လိုက်နာရန်လိုအပ်ကြောင်း၊ ပြန်လည်ဖွင့်လှစ်ခွင့်မပြုမီ မှတ်ပုံတင်ရန်ပြင်ဆင်နေကြောင်း ထိုင်းဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး (ငြိမ်း) ပရာယွတ် ကျန်အိုချာ က ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုအခြေအနေစီမံအုပ်ချုပ်ရေးဗဟိုဌာန ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု ထိုင်းအစိုးရရုံးပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

 

ထိုင်းနိုင်ငံတွင်ထပ်တိုးလူနာဦးရေတောက်လျှောက်ကျဆင်းနေပြီး အကောင်းဘက်ကိုဦးတည်လာသော်လည်း ဖျော်ဖြေရေးလုပ်ငန်းသည် အလုံပိတ်နေရာဖြစ်ခြင်း၊ အချိန်ကြာကြာ မက်စ်ဖွင့်ပြီးသောက်စားရခြင်း၊ စကားစမြည်ပြောရခြင်း စသည့်အကြောင်းရင်းများကြောင့် အစုလိုက်အပြုံလိုက်ကူးစက်မှုဖြစ်ပွားခဲ့လျှင် ကျယ်ကျယ်ပြန့်ပြန့်သက်ရောက်မှုရှိနိုင်ခြင်းကြောင့် ရှုထောင့်စုံသုံးသပ်ရန်လိုအပ်ကြောင်း၊ လတ်တလောတွင် ပြန်လည်ဖွင့်လှစ်နိုင်ရန်ပြင်ဆင်သည့်အနေဖြင့် ဖျော်ဖြေရေးလုပ်ငန်းရှင်များအားCOVID Free Setting စီမံချက်ကိုဖိဖိစီးစီးအကောင်အထည်ဖော်ဆောင်ထားကြရန်လိုအပ်ကြောင်း ဝန်ကြီးကတိုက်တွန်းခဲ့သည်ဟု ဆိုသည်။

 

တဆက်တည်းတွင် ဖျော်ဖြေရေးလုပ်ငန်းများလိုက်နာဆောင်ရွက်ရမည့် COVID Free Setting စီမံချက်၈ ရပ်ကို ပြောကြားခဲ့သည်။

 

၁။ ဝန်ထမ်းအားလုံးရာနှုန်းပြည့်ကာကွယ်ဆေးထိုးနှံထားရမည်။ ATK ဖြင့်ကိုဗစ်စစ်ဆေးရမည်။ ပတ်ဝန်းကျင်နှင့်လေဝင်လေထွက်စနစ်ကိုပြန်လည်ပြုပြင်ရမည်။ အများထိတွေ့ရသည့်နေရာနှင့်

အသုံးအဆောင်များကိုဦးစားပေးသန့်ရှင်းရမည်။

၂။ စားပွဲများကို ၁ မီတာခြားရမည်။ တီးဝိုင်းရှိလျှင် စားပွဲခုံနှင့် ၅ မီတာခြားရမည်။

၃။ လူ ၁ ဦးအတွက် ၄ မီတာပတ်လည်နေရာစီစဉ်ပေးရမည်။ ဧည့်သည်ဦးရေကိုထင်သာမြင်သာ

ကပ်ထားရမည်။ ဧည့်သည်ဦးရေကန့်သတ်ရမည်။ လေအေးပေးစပ်တပ်ဆင်ထားသည့်အလုံပိတ်နေရာ

များတွင် ၅၀% ဝင်ခွင့်ပြုရမည်။ လေဝင်လေထွက်ကောင်းမွန်သည့် လေဟာပြင်နေရာများတွင်

၇၀% ဝင်ခွင့်ပြရမည်။

၄။ ဆေးလိပ်သောက်မည့်နေရာကိုအဆောက်အဉီးအပြင်ဘက်တွင် စီစဉ်ပေးရမည်။

၅။ ဖျော်ဖြေရေးအဆောက်အဉီးဖွင့်ချိန်မတိုင်မီနှင့်ပိတ်သိမ်းချိန်တွင် တံခါး၊ ပြတင်းပေါက်နှင့်ပန်ကာတို့

ကို ၂ နာရီဖွင့်ထားရမည်။

၆။ အလင်းရောင်အားကောင်းရမည်။ သင့်လျော်မှုရှိရမည်။

၇။ မူးယစ်ဆေးဝါး၊ လောင်းကစား၊ လူကုန်ကူး၊ တရားမဝင်ရွှေ့ပြောင်းလုပ်သား စသည့်

တရားဉပဒေနှင့်မညီညွတ်သည့်လုပ်ရပ်များကင်းစင်ရမည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS