10 May 2024

ဓာတ်ပုံ หนีเที่ยว

အောက်တိုဘာ ၁၉ ရက်၊ ၂၀၂၁

လာမည့်အောက်တိုဘာ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့များတွင် အလုပ်ပိတ်ရန် ထိုင်းအစိုးရ ထုတ်ပြန်။

 

လာမည့်အောက်တိုဘာ ၂၁ ရက်နေ့ (ဝါထွက်နေ့) နှင့် အောက်တိုဘာ ၂၂ ရက်နေ့ (Chulalongkorn Day အစားထိုးပိတ်ရက်) များတွင် အထူးကိစ္စရပ်အနေဖြင့် အလုပ်ပိတ်ပေးရန် အလုပ်ရှင်များကို တိုက်တွန်း ထားသည့်အမိန့်ကြေညာချက်တစ်ရပ်ကိုထိုင်းအလုပ်သမားကာကွယ်ရှောက်စောင့ရေးညွှန်ကြားရေးမှူးချုပ်၏လက်မှတ်ဖြင့် ထုတ်ပြန်ထားသည်။

 

 

နိုင်ငံ့စီးပွားရေးကိုပြန်လည်နာလန်ထူနိုင်ရန်အတွက် ပြည်တွင်းခရီးသွားကဏ္ဍကိုအရှိန်မြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံအလယ်ပိုင်း၏ အများပြည်သူအလုပ်ပိတ်ရက်ဖြစ်သော ဝါထွက်နေ့ (အောက်တိုဘာ ၂၁ ရက်နေ့၊ ကြာသပတေးနေ့) ကို အလုပ်ပိတ်ပေးရန် နှင့် ယခင် Chulalongkorn Day အစားထိုးအလုပ်ပိတ်ရက်ဖြစ်သော အောက်တိုဘာ ၂၅ ရက်နေ့၊ တနင်္လာနေ့အစား အောက်တိုဘာ ၂၂ ရက်နေ့ သောကြာနေ့တွင်အလုပ်ပိတ်ပေးရန် ထိုင်းအစိုးရအဖွဲ့က ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင်အတည်ပြုခဲ့ပြီး အလုပ်သမားကာကွယ်ရှောက်စောင့်ရေးဦးစီးဌာနမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS