3 May 2024

,

ဒီဇင်ဘာ ၅ ရက်နေ့မှာ စတင်ကျင်းပမယ့် အရှေ့တောင်အာရှဖလား (AFF Suzuki Cup 2020) ပြိုင်ပွဲကိုကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က (A)အဆင့်ပြိုင်ပွဲအဖြစ်သတ်မှတ်ပေးလိုက်ပြီဖြစ်တာကြောင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက် (FIFA Racking) သတ်မှတ်ရာမှာ စတင်အကျုံးဝင်ပြီလို့ အရှေ့တောင်အာရှဘောလုံးအဖွဲ့ချုပ်အတွင်းရေးမှူး အာစတ်ဒင် အာမတ် ဆို။

ထိုသို့သတ်မှတ်လိုက်တာကြောင့် ယခုယှဉ်ပြိုင်ကစားမယ့် ၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲဟာ ဖီဖာအဆင့်သတ်မှတ်ချက်အတွက်ထည့်တွက်ခံရမှာဖြစ်တဲ့အတွက် ပွဲစဉ်တိုင်းဟာ အရေးပါလာတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ရဲ့ဒေသတွင်းပြိုင်ပွဲကိုအဆင့်မြှင့်တင်ပေးဖို့တောက်လျှောက်အဆိုပြုခဲ့ပါတယ်။ လေးငါးကြိမ်အဆိုပြုခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဒီပြိုင်ပွဲကို A အဆင့်သတ်မှတ်လိုက်ပြီး ဖီဖာရဲ့ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာစတင်အကျုံးဝင်ပြီလို့ အာရှဘောလုံးအဖွဲ့ချုပ် (AFC) က အကြောင်းပြန်လာတဲ့အ တွက်အဖွဲ့ဝင် ၁၁ သင်းစလုံးနဲ့ထပ်တူဝမ်းမြောက်မိပါတယ်။ ပြီးတော့ ကျနော်တို့ရဲ့ပြိုင်ပွဲကို ကမ္ဘာက ပိုမိုစိတ်ဝင်စားလာမှာလည်းဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS