3 May 2024

မဟာရတ်မြို့နယ်မှာ မြန်မာတွေကို တင်လာတဲ့ကား တိမ်းမောက် ၃ ဦးသေဆုံးပြီး၊ ၁၅ ဦးက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး၊ ကားမောင်းသူက ထွက်ပြေးသွားတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။

 

ဒီဇင်ဘာ ၈ ရက်နေ့ နံနက် ၇.၄၀ မိနစ်အချိန်မှာ ကားတစ်စီးတိမ်းမောက်သွားလို့ သေဆုံးသူ ၃ ဦးရှိခဲ့တဲ့နေရာကို မဟာရတ်မြို့နယ် ရဲစခန်း ရဲမှူးကြီး နိုဖွန်ဖူဆောင်းနဲ့ အယုဒ္ဓယ ကယ်ဆယ်ရေးအဖွဲ့သွားရောက်ခဲ့ပါတယ်။ အခင်းဖြစ်တဲ့နေရာကိုရောက်တော့ ဒဏ်ရာရသူတွေသာတွေ့ရပြီး ကားသမားကတော့ ထွက်ပြေးသွားပါတယ်။

 

ဆင်ဘူရီခရိုင်ကနေ ပရာနခွန်စီအယုဒ္ဓယခရိုင်သို့ မောင်းပြေးလာတဲ့ ဟိုင်းလတ်ကား ၂ စီးက မသင်္ကာစရာတွေတွေ့ဖြစ်လို့ ကားရပ်ပေးရန် အချက်ပြခဲ့တဲ့နေရာမှာ ယာဥ်မောင်းသူက ကားမရပ်ဘဲ အရှိန်မြှင့်မောင်းပြေးနေလို့ ပရာနခွန်စီအယုဒ္ဓယခရိုင်အဝင် မူ ၂ ဘန်နာကျေးရွာနားမှာ တိမ်းမောက်သွားခဲ့ပါတယ်။

 

အခင်းဖြစ်တဲ့နေရာမှာတော့ မြန်မာ စုစုပေါင်း ၁၈ ဉီးထဲမှာ ၃ ဉီး ကတော့ သေဆုံးသွားပါတယ်။ ၃ ဉီး ကတော့ ဒဏ်ရာပြင်းထထန်တယ်။ ၂ ဉီး အရိုးအဆစ်ထိတယ်။ ၁ ဉီး ဝမ်းတွင်းသွေးယိုစီးဖြစ်တယ်။ ၁၂ ဉီးထဲက ၁ ဉီးမှာတော့ လက်ကျိုးသွားတယ်လို့ မြန်မာအလုပ်သမားသံအရာရှိရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာဖော်ပြထားပါတယ်။

 

မြန်မာလုပ်သားတွေမှာ လွန်ခဲ့သည့် ၂ ပတ်အတွင်းက မြဝတီနယ်စပ်မှ တစ်ဆင့် ကုန်းကြောင်း၊ ရေကြောင်းတို့မှ ခြေကျင်တစ်ဆင့် ကားတစ်ဆင့် လှေတစ်ဆင့်ဖြင့် ထိုင်းကိုဝင်ရောက်လာကြတာလို့ သိရပါတယ်။ ပွဲစား အချိတ်အဆက်ဖြင့် နယ်စုံမှ လာရောက်သူများဖြစ်ပြီး သေဆုံးသူ ၃ ဉီးအနက် တစ်ဉီးအား မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်မရသေးဘူလို့ သိရပါတယ်။

SHARE THIS NEWS

OTHER NEWS