14 May 2024

ဩဂုတ် ၂၃ ရက်၊ ၂၀၂၁

 

အိန္ဒိယတွင် ဇိုင်ကော့ဗ်-ဒီ ကိုဗစ်-၁၉ ကာကွယ်ဆေးစမ်းသပ်မှုအောင်မြင် ဗီဇပြောင်းဗိုင်းရပ်စ်များကိုတိုက်ဖျက်နိုင်သည်ဟုတွေ့ရှိပြီးနောက်

အရေးပေါ်သုံးစွဲခွင့်ပြု

 

အိန္ဒိယဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Zydus Cadila မှစမ်းသပ်ထုတ်လုပ်ထားသော သုံးကြိမ်ထိုးရသည့် ဇိုင်ကော့ဗ်-ဒီ

(ZyCoV-D) ကိုဗစ်-၁၉ ကာကွယ်ဆေးကို အိန္ဒိယအမျိုးသားဆေးဝါးကွပ်ကဲရေးရုံး (DCGI) က ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်နေ့တွင်အရေးပေါ်

သုံးစွဲခွင့်ပြုလိုက်ပြီဟု သိရသည်။

ကမ္ဘာပေါ်တွင် DNA မှထုတ်လုပ်ထားသောပထမဆုံးကာကွယ်ဆေးဖြစ်သည့် ဇိုင်ဒတ် ကာဒီလာကုမ္ပဏီ၏ ဇိုင်ကော့ဗ်-ဒီ ကိုဗစ်-၁၉

ကာကွယ်ဆေးကို DCGI မှအရေးပေါ်သုံးစွဲခွင့်ပြုလိုက်ပြီဟု အိန္ဒိယသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (ဗဟို) သတင်းထုတ်ပြန်ထားပြီး

အသက် ၁၂ နှစ်အထက်ရှိကလေးများနှင့်လူကြီးများကိုထိုးနှံပေးမည်ဟု ဖော်ပြထားသည်။

ဇိုင်ကော့ဗ်-ဒီ ကာကွယ်ဆေးကို ဇီဝနည်းပညာဗျူရိုနှင့်ဇီဝနည်းပညာသုတေသနလုပ်ငန်းမြှင့်တင်ရေးကောင်စီတို့၏ လက်တွဲပူးပေါင်း

မှုဖြင့်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

အဆိုပါသုံးကြိမ်ထိုးနှံရသည့်ကာကွယ်ဆေးကိုလူ့ခန္ဓာကိုယ်အတွင်းသို့ထိုးနှံပြီးနောက်တွင် ဗိုင်းရပ်စ်ပိုး၏spike protein ကိုထုတ်လုပ်ပေး

မည်ဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ခြင်းနှင့်ဗိုင်းရပ်စ်တိုက်ဖျက်ရာတွင်အရေးပါသည့် ကိုခံအားစနစ်တုံ့ပြန်မှုကိုကောင်းမွန်စွာလှုံ့ဆော်ပေးနိုင်

သည်ဟု ဆိုသည်။ ပလတ်စ်မစ် ဒီအန်အေ (plasmid DNA) ကိုအသုံးပြထားသောအဆိုပါကာကွယ်ဆေးသည် ဗီဇပြောင်းဗိုင်းရပ်စ်များ

နှင့်ရှိပြီးသားမူရင်းဗိုင်းရပ်စ်များကိုအလွယ်တကူတိုက်ဖျက်နိုင်သည်ဟု ဆိုသည်။

အချိန်နှင့်တပြေးညီပိုးစစ်ဆေးပြီး (RT-PCR) အပေါင်းပြသော စေတနာ့ဝန်ထမ်း ၂၈,၀၀၀ ကျော်ဖြင့် တတိယအဆင့်စမ်းသပ်ရာတွင်

ထိရောက်မှုမြင့်မားပြီး ၆၆.၆ ရာခိုင်နှုန်း အထိကာကွယ်နိုင်သည်ဟု ဆိုသည်။

SHARE THIS NEWS

OTHER NEWS