10 May 2024

မဲဆောက်တွင် မြန်မာစစ်ဘေးရှောင် ၁၃၀၀ ကျော် အိပ်စရာနှင့်ခြုံစရာစောင်မရှိဘဲ ဆောင်းညလယ် ဒုက္ခရောက်နေ၊ အရေးပေါ် အကူအညီများ လိုအပ်နေ

 

 

တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ် ၊ မဲဆောက်သို့ ရောက်ရှိနေသော စစ်ဘေးရှောင် ပြည်သူ ၁၃၀၀ ကျော်နေပြီဟု ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ သူတို့တွေအတွက် အိပ်စရာနှင့်ခြုံစရာမရှိဘဲ ဆောင်းညလယ်တွင် ဒုက္ခရောက်နေသည်ဟု အရေးပေါ် ကူညီနေသူများထံမှ သိရပါတယ်။

 

 

စစ်ဘေးရှောင်လာကြတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေလည်းပါတယ်။ ကလေးတွေလဲပါတယ်။ ဗိုက်ကြီးသည်နဲ့ ဒဏ်ရာကသူတွေလဲပါတယ်။ ဒါတွေကို ထောက်ပံ့ဖို့လိုပါတယ်။

 

 

“တိုက်ပွဲကြောင့် မြဝတီမြို့နယ်၊ ဖလူးကျေးရွာအုပ်စုအတွင်းရှိ လေးကေ့ကော်၊ ဗဟိကလော်၊ မဲ့ထော်သလေးကျေးရွာဘက်က စစ်ဘေးရှောင်လာကြတဲ့ တိုင်းရင်းသားပြည်သူ(၁၃၀၀)လောက်ကို ထိုင်းစစ်တပ်က ကားတွေနဲ့ တင်လာပြီး ကယ်ဆယ်ရေးစခန်း ဖွင့်ထားပေးပါတယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာကြရတာမို့ ဆောင်းတွင်းမှာ အခက်တွေ့နေကြရပါတယ်။

.

Photo:Mae Sot Media

#MingalaparTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #BKK #Covid19TH #Andrew_KC

SHARE THIS NEWS

OTHER NEWS