9 May 2024

,

မြန်မာနိုင်ငံဘက်ခြမ်းက စစ်ဘေးရှောင်လာကြတဲ့ စစ်ရှောင်ပြည်သူများ ခိုလှုံနေတဲ့ မဲ့ဆောက်မြို့နယ်၊ မဲ့ကုကျေးရွာရှိ စစ်ဘေးရှောင်စခန်းတွင် စစ်သုံးလက်နက်အချို့နှင့် စစ်အသုံးအဆောင် ပစ္စည်းများတွေ့ရှိ တာကြောင့် ထိုင်းအာဏာပိုင်တွေက အဲဒီစစ်ဘေးရှောင်စခန်းကို လုံခြုံရေးတိုးမြှင့်ချထားပြီး စစ်ဆေးမှုတွေပြုလုပ်နေ တယ်လို့သိရပါတယ်။

စစ်သုံးလက်နက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို စစ်ဘေးရှောင်ပြည်သူများထံ ပေးပို့လာတဲ့ ထောက်ပံ့ ပစ္စည်းအိတ်တွေထဲက တွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ကနဦးရရှိတဲ့သတင်းအရ အဆိုပါပစ္စည်းတွေကို တင်ဆောင်လာတဲ့ ကားသမား ၃ ဦးကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးမှုတွေပြုလုပ်နေပြီး ထိုင်းနိုင်ငံနေရာအသီးသီးက ပေးပို့လာကြတဲ့ ထောက်ပံ့ပစ္စည်းတွေကိုလည်း စစ်ဘေးရှောင်စခန်းထဲမရောက်ခင် သေချာစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

အခုလိုလုပ်ရပ်ကြောင့် စစ်‌ဘေး‌ရှောင်တွေထံ ထောက်ပံ့ပစ္စည်းတွေ ပေးပို့ရန် စီစဉ်နေကြသူတွေအတွက် အခက်အခဲဖြစ်လာနိုင်တယ်လို့ စစ်ဘေးရှောင်တွေထံ ထောက်ပံ့ပစ္စည်းတွေပေးပို့ပေးနေတဲ့ ပြည်သူတစ်ဦးကဆိုပါတယ်။

เรื่องฮอตในรอบสัปดาห์

မဲဆောက်တွင် မြန်မာဘက်သို့ရောင်းချမည့် တရ

SHARE THIS NEWS

OTHER NEWS