3 May 2024

အများပြည်သူလူနေမှုစရိတ်မြင့်မားလာခြင်းမရှိစေရန် ထိုင်းပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနက ခြံရှေ့ကြက်ဉဈေးကို ၁ လုံးလျင် ၂.၉ ဘတ်ဖြင့်ရောင်းချပေး။

ဥစားကြက်မွေမြူရေးစရိတ်မြင့်တက်လာပြီးနောက် ကြက်ဉဈေးလိုက်တက်လာမည်ကို စိုရိမ်၍ ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနက ဉစားကြက်လုပ်ငန်းရှင်များအသင်းအပါအဝင် ကြက်ဉထုတ်လုပ် ဖြန့်ဖြူး တင်ပို့သူများအသင်းနှင့်လက်တွဲပြီး ခြံရှေ့ကြက်ဉဈေးနှုန်းကို ၁ လုံးလျင် ၂ ဘတ် ၉၀ ပြားဖြင့်ရောင်းချပေးနေသည်ဟု သိရသည်။

အများပြည်သူအားကြက်ဉစုဆောင်းခြင်းမပြုရန်၊ ဈေးဆိုင်များအား ဈေးတင်မရောင်းကြရန် တိုက်တွန်းထားပြီး သတ်မှတ်ဈေးနှုန်းထက်ဈေးတင်ရောင်ချနေသည်ကိုတွေ့ရှိလျင် ပြည်တွင်းကုန်သွယ်ရေး ဦးစီးဌာန ဟော့လိုင်းနံပါတ် ၁၅၆၈ သို့မဟုတ် နိုင်ငံတဝန်းရှိ ခရိုင်ကူးသန်းရောင်းဝယ်ရေးရုံးများထံ တိုင်တန်းနိုင်သည်ဟု ဆိုသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS