26 April 2024

စက်တင်ဘာ ၃ ရက်၊ ၂၀၂၁

 

မြို့တော်ဗန်ကောက်အတွင်းရှိ ဈေးကြီးများတွင် စီမံချက် ၃ ခုဖြင့် ကိုဗစ်-၁၉ ပစ်မှတ်ထားကိုင်တွယ်မည်

 

 

ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့တွင်စတင်ခဲ့သည့် ကိုဗစ်-၁၉ တတိလှိုင်းအတွင်း မြို့တော်ဗန်ကောက်တွင်ပိုးရှိလူနာ ၂.၇ သိန်းတွေ့ရှိခဲ့ရပြီး

ဩဂုတ်လ ၁၃ ရက်နေ့တွင်ထပ်တိုးလူနာအများဆုံးနေ့အဖြစ် ၅,၁၄၀ ဦး ရှိခဲ့ရာ ထပ်တိုးသေဆုံးအများဆုံးနေ့ဖြစ်သည့် ဩဂုတ်လ ၂၈ရက်

နေ့တွင် ၁၁၉ ဦးမြင့်မားခဲ့သည်။

 

တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် နေ့စဉ်ထပ်တိုးလူနာဦးရေသည် ၂ သောင်းအောက်တွင်ရှိနေခဲ့သော်လည်း မြို့တော်ဗန်ကောက်ထဲတွင်

အစုလိုက်အပြုံလိုက်ပိုးတွေ့ရှိသည့်နေရာ ၁၀၀ ကျော်ရှိခဲ့သည်။လတ်တလောတွင် ဗန်ကောက်အစိုးရမှ ဈေးများတွင်ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု

ကိုအတောသတ်နိုင်ရေးအတွက် လက်ကားဈေးကြီးများကို စီမံချက် ၃ ရပ်ချမှတ်၍ ပစ်မှတ်ထားကိုင်တွယ်တော့မည်ဟု ကြေညာသည်။

 

 

မြို့တော်ဗန်ကောက်နယ်မြေထဲတွင် လက်ကားဈေးကြီး ၂၉ ခုရှိပြီး ဆိုင်ခန်း ၅၀၀ အထက်ရှိသည့်ဈေးကြီး ၁၂ ခု၊ ဈေးသုံးလေးနေရာထိစပ်

နေသည့်ဈေးကြီး ၅ ခု စုစုပေါင်းဈေးကြီး ၁၇ ခုရှိသည်။ အဆိုပါဈေးကြီးများသည် မြို့နယ် ၁၁ ခုထဲတွင်တည်ရှိပြီး ဈေးသည်နှင့်ဈေးလုပ်သား

၁၈,၉၃၇ ဦးရှိသည်။

 

မြို့တော်ဗန်ကောက်အတွင်းရောဂါကူးစက်ပျံ့နှံ့မှုကိုအမြန်ဆုံးတားဆီးနိုင်ရန်နှင့်အတောသတ်နိုင်ရန်အတွက်ဈေးများတွင်ကိုဗစ်-၁၉ ပစ်မှတ်

ထားစောင့်ကြည့်ကိုင်တွယ်ရေးအစီအမံကို ဗန်ကောက်အစိုးရမှ ၃ ဆင့်ချမှတ်လိုက်သည်။ပိုးရှိလူနာ ၁ ဦးတွေ့ရှိလျှင် တွေ့ရှိသည့်ဆိုင်ခန်းကို

၁၄ ရက်ပိတ်ထားရမည်ဖြစ်ပြီး ပိုးရှိလူနာထပ်မံ ရှာဖွေရေးပြုလုပ်ရမည်။

 

 

ပိုးရှိလူနာ ၂ ဦးတွေ့ရှိလျှင် တွေ့ရှိသည့်ဆိုင်ခန်းကို ၁၄ ရက်ပိတ်ထားရမည်ဖြစ်ပြီးဈေးသူဈေးသားအားလုံးကိုပစ်မှတ်ထားကိုဗစ်-၁၉ စစ်ဆေးရမည်။

 

 

ပိုးရှိလူနာ ၁၀ ဦးတွေ့ရှိလျှင် အဆိုပါဈေးကို ၁၄ ရက်ပိတ်ထားရမည်ဖြစ်ပြီး ဈေးပတ်ဝန်းကျင်ရှိလူနေရပ်ကွက်များကိုလေ့လာဆန်းစစ်ရေးပြုရမည်။

ထို့ပြင် သီးခြားစောင့်ကြည့်ခြင်းစီမံချက်ချထားခြင်းနှင့်ဈေးသူဈေးသားနှင့်ဈေးပတ်ဝန်ကျင်ရှိလူနေရပ်ကွက်များကိုကာကွယ်ဆေးထိုးနှံပေးရမည်။

SHARE THIS NEWS

OTHER NEWS