28 April 2024

,

ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေး အေးဂျင်စီ(World Anti-Doping Agency: WADA) ရဲ့ 2021 WADA Code ကိုလိုက်နာဖို့ပျက်ကွက်တာကြောင့် ဝါဒါရဲ့ပြစ်ဒဏ်ပေးမှုအပေါ် အာရှဘောလုံးအဖွဲ့ချုပ်ကထိုင်းဘောလုံးအဖွဲ့ချုပ်ထံ ယနေ့မနက်က အသိပေးခဲ့တယ်လို့ အဖွဲ့ချုပ်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။

ပြစ်ဒစ်နဲ့ပတ်သက်တဲ့ အချက် ၅ ချက်ကို အခုလိုဖော်ပြထားပါတယ်။

၁။ ထိုင်းဘောလုံးအဖွဲ့ချုပ်အနေနဲ့ တစ်ပွဲတည်းကစားရတဲ့ပြိုင်ပွဲ (One-Off Match) တွေကိုကျင်းပနိုင်ပြီး နပြည်ပမှာကျင်းပတဲ့ တစ်ပွဲတည်းကစားရတဲ့ပြိုင်ပွဲ (One-Off Match) တွေမှာ ကိုယ်စားပြု (လက်ရွှေးစင်၊ ကလပ်) အသင်းတွေသွားရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

၂။ အဖွဲ့ချုပ်အနေနဲ့ လက်ရွေးစင်အသင်းနဲ့ကလပ်အသင်းပြိုင်ပွဲ၊ ကြားကွင်းပြိုင်ပွဲ (Centralized Competitions) ၊ ခြေစစ်ပွဲ (Qualifying competition held on a centralized basis) စတဲ့ပြိုင်ပွဲတွေကို ပြည်တွင်းမှာကျင်းပခွင့်ရမှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

၃။ အဖွဲ့ချုပ်ကိုကိုယ်စားပြုတဲ့ လက်ရွေးစင်အသင်းနဲ့ကလပ်အသင်းတွေဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူးလို့ဆက်လက်ဖော်ပြထားပါတယ်။

၄။ WADA ကနေ ပြစ်ဒဏ်ပေးမှုမခံရမီ ခွင့်ပြုချက်ရရှိထားတဲ့ပြိုင်ပွဲတွေကို ဆက်လက်ကျင်းပနိုင်ပါတယ်။

၅။ ပြည်တွင်းနဲ့ပြည်ပတွေမှာကျင်းပတဲ့ လက်ရွေးစင်အသင်းပြိုင်ပွဲနဲ့ကလပ်အသင်းပြိုင်ပွဲတွေမှာ ထိုင်းအလံဖော်ပြခွင့်မရှိပေမဲ့ ပြိုင်ပွဲဝတ်စုံပေါ်မှာတော့ ဖော်ပြခွင့်ရှိပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS