4 May 2024

ဓာတ်ပုံ กรมอุตุฯ

 

အောက်တိုဘာ ၁၂ ရက်၊ ၂၀၂၁

 

အောက်တိုဘာ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင်ဗီယက်နမ်နိုင်ငံကိုဝင်ရောက်တိုက်ခတ်မည့် ကွန်ပါစု အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းတွင် မိုးကြီးနိုင်ပြီး ထိုင်းပင်လယ်ပြင်တွင်လှိုင်းအမြင့်ပေ ၂ ပေ မှ ၃ ပေရှိနိုင်သည်ဟု ထိုင်းမိုးဇလသတိပေး။

 

လာမည့်အောက်တိုဘာ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ဗီယက်နမ်နိုင်ငံကိုဝင်ရောက်တိုက်ခတ်မည့်ကွန်ပါစု (Compasu) အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်နိုင်ပြီး အက်ဒမံပင်လယ်ပြင်နှင့်ထိုင်ပင်လယ်ကွေ့တွင် လှိုင်းကြီးနိုင်ကာ အမြင့်ပေ ၂ ပေ မှ ၃ ပေအထိရှိနိုင်သည်ဟု ထိုင်းမိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ယနေ့မနက် ၄ နာရီအချိန်တွင် သတိပေးထုတ်ပြန်ထားသည်။

 

 

ကွန်ပါစု အပူပိုင်းအားကောင်းမုန်တိုင်းသည် တောင်တရုတ်ပင်လယ်အထက်ပိုင်း မြောက်လတ္တီကျုဒ် ၁၉.၁ ဒီဂရီ၊ အရှေ့လောင်းဂျီကျုဒ် ၁၂၀ ဒီဂရီတွင်ဖြစ်ပေါ်နေပြီး မုန်တိုင်းအလယ်ဗဟိုရှိလေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၀၀ ကီလိုမီတာတိုက်ခတ်နေပြီး အနောက်ဘက်သို့တစ်နာရီလျှင် ၂၅ကီလိုမီတာနှုန်းဖြင့်ရွေ့လျားလျှက်ရှိကာ အောက်တိုဘာ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တွင် တရုတ်ပြည် ဟိုင်နန်ကျွန်းကိုကျော်ဖြတ်ပြီးနောက် ဗီယက်နမ်နိုင်ငံကိုဝင်ရောက်တိုက်ခတ်မည်ဟု ဖော်ပြထားသည်။ အဆိုပါမုန်တိုင်း၏အရှိန်ကြောင့် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းတွင် မိုးပိုများလာစေပြီး တချို့နေရာများတွင် မိုသည်းထန်စွာရွာသွန်းမည်ဟု ဖော်ပြထားသည်။

 

ထို့ပြင် ထိုင်းနိုင်ငံမြောက်ပိုင်းအောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့်အရှေ့မြောက်ပိုင်းအောက်ပိုင်းဒေသများကိုမုန်သုံလေတိုက်ခတ်နေပြီး အနောက်တောင်မုတ်သုံလေသည်ထိုင်းနိုင်ငံတောင်ပိုင်း၊ အက်ဒမံပင်လယ်ပြင်နှင့်ထိုင်းပင်လယ်ကွေ့ကိုတိုက်ခတ်နေသည့်အရှိန်ကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းအောက်ပိုင်း၊ အရှေ့မြောက်ပိုင်းအောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့်တောင်ပိုင်း၏အနောက်ပိုင်းတွင် မိုးသည်းထန်ခြင်းနှင့် အလွန်သည်းထန်ခြင်းများဖြစ်နိုင်သည်ဟု သတိပေးထားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS