30 April 2024

ဩဂုတ် ၂ ရက်၊ ၂၀၂၁

 

စီပီလုပ်ငန်းစုပိုင် လိုတစတိုးလက်လီလုပ်ငန်းကို စီပီလုပ်ငန်းစုပိုင်မက်ခရိုလက်ကားလုပ်ငန်းနှင့်ပေါင်းစည်း။

 

ကျရုန်ဖို့ကဖန် ကုမ္ပဏီ လိမိတက် (ခေါ်) စီပီလုပ်ငန်းစုသည် လိုတစတိုး (ထိုင်းလန်း) ကုမ္ပဏီတွင် အစုရှယ်ယာ ၉၉.၉၉ ရာခိုင်နှုန်းပိုင်ဆိုင်ထားသော

၎င်းတို့ပိုင် စီပီရီတဲလ်ဟိုးဒင်း (CPRH) ကုမ္ပဏီ လိမိတက်နှင့် Lotuss Stores (Malaysia) Sdn. Bhd. ကုမ္ပဏီတို့ကို စီပိုင်ဆိုင်သည့် လက်ကားလုပ်

ငန်းတစ်ခုဖြစ်သည့် စိုင်ယမ်မက်ခရို အများပိုင်ကုမ္ပဏီ သို့မဟုတ် MAKRO ထံလွှဲပြောင်းလိုက် သည်ဟု သိရသည်။ အဆိုပါ လွှဲပြောင်းမှုသည်တန်ဖိုး

အားဖြင့် ဘတ် ၂၀၀ ဘီလျံကျော် (ဘတ် ၂၁၇,၉၄၉.၀၇ သန်း) ရှိသည်ဟု ဖော်ပြထားသည်။

 

စီပီရီတဲဒီဗလော့မန့် ကုမ္ပဏီနှင့်တက်စကိုစတိုး(ထိုင်းလန်း) ကုမ္ပဏီကို ပေါင်းစည်းမည့် အဆိုပြုချက်ကိုထိုင်းနိုင်ငံကုန်သွယ်မှုပြိုင်ဆိုင်ရေးကော်မတီ

မှ ၃ လကျော်သုံးသပ်ပြီးနောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့တွင် ခွင့်ပြုပေးခဲ့သည်။

 

လုပ်ငန်း ၂ ခုကိုပေါင်းစည်းလိုက်ပြီးနောက် စည်းကမ်းသတ်မှတ်ချက် ၇ ခုကို စီပီလုပ်ငန်းစုကလိုက်နာရမည်ဟု သိရသည်။

 

အီးကွန်းမတ်စ်လုပ်ငန်းများမှလွဲ၍ မိမိလုပ်ငန်းစုအောက်ရှိအခြားသောလက်လီလက်ကားလုပ်ငန်းများကို ၃ နှစ်အတွင်းထပ်မံပေါင်းစည်းခြင်းမပြုရ။

 

လုပ်ငန်းပေါင်းစည်းပြီးနောက် SME လုပ်ငန်းရှင်များ၏ကုန်ပစ္စည်းအချိုးကို နှစ်စဉ် ၁၀ ရာခိုင်နှုန်းထပ်တိုးလက်ခံပေးရမည်ဖြစ်ပြီး ၅ နှစ်ဆက်တိုက်

ထပ်တိုးပေးရမည်။

 

လုပ်ငန်းပေါင်းစည်းပြီးနောက် ဈေးကွက်အချက်အလက်များဖလှယ်ခြင်းမပြုရ။ပေးသွင်းသူ (Supplier) များနှင့်ချုပ်ဆိုထားသည့်စာချုပ်များကို

၂ နှစ်ထပ်မံအသက်ဝင်စေရမည်။

 

SME လုပ်ငန်းရှင်များအား Credit Term ကာလကို ၃၀ ရက် မှ ၄၅ ရက်အဖြစ် ၃ နှစ်သတ်မှတ်ပေးရမည်။

လုပ်ငန်းနှစ်ချုပ်ရှင်းတန်းပြုစုပြီး ကုန်သွယ်မှုပြိုင်ဆိုင်ရေးကော်မတီထံ ၃ နှစ်ဆက်တိုက်တင်ပြရမည်။

လုပ်ငန်းပေါင်းစည်းပြီးနောက် code of conduct ရေးဆွဲပြီး အများပြည်သူကိုအသိပေးရမည်။

SHARE THIS NEWS

OTHER NEWS