26 April 2024

နိုင်ငံကူးလက်မှတ်အတု နှင့် စည်းတံဆိပ်တုံးအတု ပြုလုပ်မှုဖြင့် ထိုင်းအမျိုးသမီးတဦးကို ဖမ်းဆီး
.
ဩဂုတ် ၁၀ ရက်၊ ၂၀၂၃
.
ယမန်နေ့က မြို့တော်ဗန်ကောက်အနောက်မြောက်ဘက်ရှိ နွန်ထဘူရီခရိုင်တွင် ထိုင်းအမျိုးသမီးတဦးကို နိုင်ငံကူး လက်မှတ်အတုပြုလုပ်မှုနှင့် စည်းတံဆိပ်တုံးအတုပြုလုပ်မှုဖြင့် ဖမ်းဆီးလိုက်သည်ဟု နွန်ထဘူရီခရိုင်လူဝင်မှု ကြီးကြပ်ရေးရုံး (လ.ဝ.က) ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
.
လွန်ခဲ့သော ဩဂုတ်လ ၉ ရက်နေ့ (၂၀၂၃) နေ့လည် ၂ နာရီအချိန်တွင် နွန်ထဘူရီခရိုင်တရားရုံးဖမ်းဝရမ်းဖြင့် အသက် ၄၅ နှစ်ရှိ နောင်ဝရတ် ဆိုသူထိုင်းအမျိုးသမီးကို နွန်ထဘူရီခရိုင်၊ ဘန်ယိုင်မြို့နယ်၊ ဆောင်းထွန်ဟင်း ကျေးရွာအုပ်စု၊ မူ-၅ ရှိ ဖရူ့ဆား- ၃၉ အိပ်ရာဝင်းအတွင်း၌ ခရိုင် လ.ဝ.က နှင့် ဘန်ယိုင်နယ်မြေရဲစခန်းတို့က ပူးပေါင်းပြီး ဖမ်းဆီးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
.
သူမအား နိုင်ငံကူးလက်မှတ်အတုအပပြုလုပ်မှုအပါအဝင် နိုင်ငံကူးလက်မှတ်ပြောင်းလဲပြင်ဆင်မှု၊ လ.ဝ.က စည်းတံဆိပ်တုံးအတုပြုလုပ်မှုနှင့်ပြောင်းလဲပြင်ဆင်မှု စသည့်ပြစ်မှုများဖြင့်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တရားဥပဒေ အရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ဘန်ယိုင်နယ်မြေရဲစခန်း စုံစမ်းစစ်ဆေးရေးအရာရှိထံ အပ်နှံထားသည် ဟု ဆက်လက်ဖော်ပြထားသည်။
.
Photo: สำนักงานตรวจคนเข้าเมืองจังหวัดนนทบุรี

SHARE THIS NEWS

OTHER NEWS