28 April 2024

,

ဘတ် ၁၂ သန်း ထီကံထူးရှင်တစ်ဦး အွန်လိုင်းလောင်းကစားကြောင့် အကုန်ပြောင်
.
ဇွန် ၂၆ ရက်၊ ၂၀၂၃
.
လွန်ခဲ့တဲ့ ၂ နှစ်ကျော်တုန်းက ဘတ် ၁၂ သန်း ထီကံထူးထားတဲ့ ထိုင်းအမျိုးသမီးတစ်ဦးဟာ အွန်လိုင်း လောင်းကစားကြောင့် ရှိသမျှအကုန်ပြောင်သွားတယ်လို့ သူမရဲ့အဖြစ်အပျက်ကို တစ်တော့ပေါ်မှာ မျှဝေထားပါတယ်။
.
၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ ထိုင်းထီအပတ်စဉ်မှာ ၈၃၇၈၉၃ ဂဏန်းဖြင့် ပထမဆု ၂ စောင် တွဲ စုစုပေါင်း ဘတ် ၁၂ သန်းကံထူးခဲ့တဲ့နောက်မှာ သူမဟာ သူဌေးမဘဝကို နေ့ချင်းညချင်း ရောက်ရှိ သွားခဲ့ပါတယ်။
.
ထီကံထူးတဲ့နောက်မှာ ငွေကြေးစီမံခန့်ခွဲမှုမရှိဘဲ အသုံးအဖြုန်းကြမ်းပြီး အွန်လိုင်းလောင်းကစားတွေ စကစားမိရာက ဒုံရင်းဘဝကိုပြန်လည်ရောက်ရှိသွားခဲ့တယ်လို့ ဆိုပါတယ်။
.
“စကစားချင်းမှာ ဘတ်သန်း ၂၀ လောက်ရလာတယ် လောဘစိတ်ကြောင့် မရပ်ဘဲဆက်ကစားတယ် နောက်ဆုံးတော့ အကုန်ပြောင်တော့တာပဲ အိမ် ကား ရွှေငွေ ဘာတခုမှမကျန်ဘူး ဒီလိုဘဝမျိုးအရောက် မခံချင်ရင် လောင်းကစားကိုရပ်တန်းကရပ်ပါ စိတ်ဆင်းရဲလို့လူ့ပြည်မှာတောင်မနေချင်တော့ဘူး” လို့ ရေးသားထားပါတယ်။
.
“လောင်းကစားလုပ်ဖို့စဉ်းစားနေတဲ့သူတွေ ဖြတ်လမ်းကချမ်းသာချင်တဲ့သူတွေရှိရင် မစမ်းမိဖို့ မှာချင်တယ် လောင်းကစားကြောင့်မချမ်းသာနိုင်ဘူး ဘဝပျက်သွားတာပဲရှိတယ် #ဘဝပျက်စေတဲ့ အွန်လိုင်းလောင်းကစား #အွန်လိုင်းလောင်းကစားအနီးကပ်ရန်သူ #အွန်လိုင်းလောင်းကစားဆိုတာ လိမ်လည်တာပဲရှိပါတယ်ရှင့် #သတိပေး” ဆိုပြီး ဟက်တက်တပ်ပြီး ဆက်လက်သတိပေးထားပါတယ်။
.
Photo: Amarin News
.

SHARE THIS NEWS

OTHER NEWS