10 May 2024

စက်တင်ဘာ ၂၀ ရက်၊ ၂၀၂၁

 

 

ဘဏ်အကောင့်မရှိသည့်ထိုင်းရောက်မြန်မာများသည် ထိုင်းနိုင်ငံတဝန်းရှိ နီးစပ်ရာ 7-11 ဆိုင်ခွဲများတွင်ငွေလွှဲငွေထုတ်ပြုလုပ်နိုင်ပြီဟု 7-11 ဆို။

 

ဘဏ်အကောင့်မရှိသည့် ထိုင်းရောက်မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံတဝန်းရှိ နီးစပ်ရာ 7-11 ဆိုင်ခွဲ များတွင် ငွေလွှဲငွေထုတ်ပြုလုပ်နိုင်ပြီဟု

7-11 လူမှုကွန်ရက်စာမျက်နှာ၌ ယနေ့မနက်တွင် ဖော်ပြထား သည်။

 

လတ်တလောတွင် ထိုင်းနိုင်ငံအတွင်းသာငွေလွှဲ-ငွေထုတ်ပြုလုပ်နိုင်မည်ဖြစ်ပြီး တစ်ကြိမ်လျှင် ၁ သောင်း ဘတ်၊ တစ်ရက်လျင် ၅ သောင်းဘတ်

ငွေလွှဲ-ငွေထုတ်ပြုလုပ်နိုင်မည်ဖြစ်ကာ တစ်ကြိမ်လျင်အကျိုးဆောင်ခ ၁၅ ဘတ်ကုန်ကျမည်ဟု သိရသည်။

 

ထိုသို့ငွေလွှဲ-ငွေထုတ်ပြုလုပ်ရာတွင် ထိုင်းဘဏ်အကောင့်မလိုဘဲ ပတ်စပို့ သို့မဟုတ် ပန်းရောင်ဘတ်ကတ်ဖြင့် ပြုလုပ်နိုင်သည်ဟု ဆိုသည်။

 

ငွေလွှဲလိုသူသည် ဆဲဗင်းအရောင်းဝန်ထမ်းအား မိမိ၏ပတ်စပို့ သို့မဟုတ် ပန်းရောင်ဘတ်ကတ်နှင့် ဖုန်းနံပါတ်ပြောပြပေးရမည်ဖြစ်ပြီး မျက်နှာ

ဓာတ်ပုံရိုက်ယူ၍မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရမည်ဟု ဆိုသည်။

 

ထို့နောက် ဆဲဗင်းစတိုးဆိုင်ရှိ EDC စက်တွင် ငွေလက်ခံသူ၏ ပတ်စပို့နံပါတ် သို့မဟုတ် ပန်းရောင်ဘတ်ကတ်နံပါတ်နှင့်လွှဲလိုသည့်ငွေပမာဏာ

တို့ကို ဖြည့်ပေးရမည်ဖြစ်ပြီး လုပ်ဆောင်ချက်ပြီးစီးသည့်နောက် အောက်ဆုံးတွင်ငွေထုတ်ယူရမည့်နံပါတ်ပါဝင်သည့်ပြေစာကိုထုတ်ပေးမည်ဟု

ဖော်ပြထားသည်။

 

အလားတူ ငွေထုတ်ယူမည်သူသည် ဆဲဗင်းဝန်ထမ်းအား ငွေထုတ်ယူမည့်နံပါတ်နှင့်တကွ ပတ်စပို့သို့မဟုတ် ပန်းရောင်ဘတ်ကတ်နှင့်ဖုန်းနံပါတ်

တို့ကိုပြောပြပေးရမည်ဖြစ်ပြီး မျက်နှာဓာတ်ပုံရိုက်ယူ၍ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရမည်ဟု ဆိုသည်။

 

တဆက်တည်းတွင် ငွေလွှဲသည့်နေ့မှစ၍ ၇ ရက်အတွင်းငွေထုတ်ယူရမည်ဟုဖော်ပြထားသည်။ ငွေလက်ရမည့်သူမှ ၁ နှစ်ပြည့်သည့်တိုင်ငွေထုတ်

ယူခြင်း သို့မဟုတ် ငွေလွှဲသူမှငွေပြန်ထုတ်ယူခြင်းမပြုလျင် ငွေထိန်းသိမ်းခအဖြစ် လစဉ် ၅၀ ဘတ်ဖြတ်ယူခံရမည်ဟု သတိပေးထားသည်။

 

ထို့ပြင် ငွေလွှဲထားပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းလိုလျှင် ပြုလုပ်နိုင်ပြီး ၇ ရက်အတွင်းငွေပြန်ထုတ်ပေးမည်ဟု သိရှိရသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS