28 April 2024

ကရင်နီစစ်ဘေးရှောင် ၃ ထောင်ကျော်ကို လူသားချင်းစာနာမှုအကူအညီ ပေးအပ်ထား
.
ဇွန် ၁၄ ရက်၊ ၂၀၂၃
.
မြန်မာနိုင်ငံ ကရင်နီပြည်နယ်တွင် တိုက်ပွဲပြင်းထန်လာပြီးနောက် တဘက်ကမ်းတွင်ရှိသော ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ဘက်သို့ ကရင်နီပြည်သူဦးရေ ၃ ထောင်ကျော်စစ်ဘေးရှောင်လာ သည်ဟု မယ်ဟောင်ဆောင်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးထံမှသိရကြောင်း ထိုင်းသတင်းဌာနတစ်ခုက ယနေ့မနက်တွင် ဖော်ပြထားသည်။
.
မယ်ဟောင်ဆောင်ခရိုင်၊ မယ်စရင်ယန်မြို့နယ်၊ စောင်းဟင်းကျေးရွားအုပ်စု၊ စောင်းဟင်းကျေးရွာရှိ ယာယီစစ်ဘေးရှောင်စခန်းတွင် ၃၀၃၄ ဦးနှင့် မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွမ်မြို့နယ်၊ မယ်ကီးကျေးရွာ အုပ်စု၊ ဖားခေနှင့်ဖားထိုကျေးရွာရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင် ၃၀၈ ဦး စုစုပေါင်း ၃၃၄၂ ဦး ယမန်နေ့ညက စစ်ဘေးရှောင်လာကြသည်ဟု ခရိုင်းမှူး က ဆိုသည်။
.
မယ်ဟောင်ဆောင်ခရိုင် နယ်စပ်ကွပ်ကဲရေးဌာနက စစ်သားများအပါအဝင် စေတနာ့ဝန်ထမ်းများနှင့် ကျေးရွာအုပ်စုထွေအုပ်အဖွဲ့တို့ကို စေလွှတ်ပြီး စစ်ဘေးရှောင်များအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ထားသည်ဟု ဖော်ပြထားသည်။
.
တဆက်တည်းတွင် နရဲစွမ်တပ်ဖွဲ့နှင့် မယ်ဟောင်ဆောင်ခရိုင်ထွေအုပ်ဌာနက မြန်မာဘက်စစ်ရေးအခြေ အနေကိုအနီးကပ်စောင့်ကြည့်လျှက်ရှိပြီး မြန်မာဘက်မှစစ်လေယာဉ်များကျူးကျော်လာခြင်းမရှိစေရန် အတွက် တာ့ခ်ခရိုင်နှင့်မယ်ဟောင်ဆောင်ခရိုင်နယ်စပ်တလျှောက်တွင် ထိုင်းစစ်လေယာဉ်များ ကင်း လှည့်ထားသည်ဟု ဖော်ပြထားသည်။
.
ထို့နောက် မယ်ဟောင်ဆောင်ခရိုင်တဘက်ကမ်းရှိ ကရင်နီပြည်နယ်ဘက်တွင် တိုက်ပွဲအရှိန်မြင့်တက် လာနေပြီး ကရင်နီတပ်က စစ်စခန်း ၆ ခု၊ တပ်ရင်း ၁ ခုနှင့် ရဲစခန်း၁ ခုကို သိမ်းပိုက်ထားနိုင်သည်ဟု ကရင်နီပြည်နယ်ပြည်ထဲရေးဝန်ကြီး ခူနီယယ် က ဆိုကြောင်း ဆက်လက်ဖော်ပြထားသည်။
.
Photo: แนวหน้า

SHARE THIS NEWS

OTHER NEWS