27 April 2024

ဆေးအလုံး ၁၀၀ သောက်ပြီးနောက် ချောက်ချားနေသည့်အမျိုးသမီးက ခင်ပွန်းဖြစ်သူကို အိမ်တွင် ချုပ်နှောင်ထားပြီး မီးလောင်တိုက်ထဲဝင်ရောက်အိပ်စက်။

 

အသက် ၅၈ နှစ်ရှိ ဖင်စုဖာဆိုသူ မော်တော်ဆိုင်ကယ်လုပ်ငန်းရှင်နှင့်သုဘရာဇာအမျိုးသမီးတစ်ဦးက ပါရာစီတမောအလုံး ၁၀၀ ကျော်သောက်ချပြီး မီးလောင်တိုက်ထဲဝင်ရောက်အိပ်စက်နေသည်ဟု သူမ ၏ခင်ပွန်းဖြစ်သူမှ နာရေးကူညီမှအသင်းထံတိုင်ကြားလာ၍ ဖရဲ့ခရိုင် ဒင်ချိုင်မြို့နယ် နာရေးကူညီမှုအသင်းမှ မီးလောင်တိုက်ရှိရာ ဝပ်ဖရဲ့ဓမ္မရာမသို့သွားရောက်ပြီး ချောက်ချားနေသည့်သူမကို ဒင်ချိုင်ဆေးရုံပို့ဆောင်ပေးခဲ့ရသည်ဟု ထိုင်းရတ်သတင်းဌာနမှဖော်ပြထားသည်။

 

မီးလောင်တိုက်ထဲတွင်အိပ်နေသည့်သူမ၏ခြေရင်းတွင် ပါရာစီတမောဆေးတစ်ဘူးနှင့်ရေတစ်ဘူးကိုတွေ့ရှိခဲ့ရသည်ဟု နာရေးတန်ထမ်းတစ်ဉီးက ဆိုသည်။

 

 

ဆေးရုံသို့ရောက်ရှိပြီး ဆေးကုသမှုခံယူပြီးနောက် အသက်အန္တရာယ်စိုးရိမ်ရခြင်းမရှိတော့ကြောင်း သိရှိရသည်။

 

သူမသည်မီးလောင်တိုက်ကန်တော့ရာတွင် ရှေးထုံးတမ်းအစဉ်အလာမှသွေဖီပြီး သံဘူး၊ စွမ်းအားဖြည့်အချိုရည်၊ နို့ဘူး စသည့်တို့ဖြင့် ပူဇော်သဖြင့်နတ်ကိုင်ခံရသည်ဟု နာရေးဝန်ထမ်းတစ်ဦးက မှတ်ချက်ပေးသည်။ အစဉ်အလာအရ မီးလောင်တိုက်ကို အုန်းသီး၊ ငှက်ပျောသီး၊ အရက်၊ ဆေးလိပ်၊ ကွမ်း၊ ကွမ်းရွက်၊ ကောင်ညှင်း စသည်တို့ဖြင့်ကန်တော့ရသည်ဟု ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS