9 May 2024

နရာသီဝခရိုင် မီးရှူးမီးပန်းဂိုထောင်ပေါက်ကွဲမှု လူနာ ၁၀ ဦးကို ဘုရင့်လူနာအဖြစ် သတ်မှတ်
.
ဇူလိုင် ၃၁ ရက်၊ ၂၀၂၃
.
လွန်ခဲ့သော ဇူလိုင် ၂၉ ရက်နေ့ (၂၀၂၃) မွန်းလွဲ ၃ နာရီအချိန်တွင် ထိုင်းနိုင်ငံတောင်ပိုင်း နရာသီဝခရိုင်၊ စူ ငိုင်းကိုလွတ်မြို့နယ် မူနော့ဈေးအနီးတွင်တည်ရှိသော မီးရှူးမီးပန်းဂိုထောင်တခုထဲတွင် ဂဟေဆော်ရာ က မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
.
ထိုသို့မီးလောင်ပေါက်ကွဲရာတွင် အသက်သေဆုံးသူ ၁၂ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၂၁ ဦးရှိသည့်အနက် ထိုင်းဘုရင်မဟာဝိဇယလောင်ကွန်းက လူနာ ၁၀ ဦးအား ဘုရင့်လူနာအဖြစ်သတ်မှတ်ပြီး ဆေးကုသမှု ပေးနေသည်ဟု သိရသည်။
.
အိမ်ခြေသုံးရာနီးပါ ပျက်စီးမှုရှိခဲ့သော ယင်းပေါက်ကွဲမှုတွင် ထိခိုက်မှုရရှိသူစုစုပေါင်း ၃၆၅ ဦးရှိပြီး အသက်အငယ်ဆုံးသူမှာ ၄၅ ရက်သားဖြစ်ကာ အသက်အကြီးဆုံးသူမှာ အသက် ၇၈ နှစ် ရှိသည်ဟု နရာသီဝခရိုင်ပြည်သူ့ကျန်းမာရေးအဖွဲ့က ဆိုသည်။
.
ထိခိုက်မှုရှိသူများကို စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ကုသမှုပေးနေသည့်အပြင့် ပေါက်ကွဲမှုကြောင့်
လေထုညစ်ညမ်းမှု ရှိမရှိကို စစ်ဆေးနေသည်ဟု ဆိုသည်။
.
ဂိုထောင်ပိုင်ရှင်ဖြစ်သူမှာ မလေးရှားနိုင်ငံသို့အလည်ခရီးထွက်နေပြီး ထိုင်းသို့ပြန်လည်ရောက်ရှိလာခြင်းမရှိသေးသည့်အပြင် ၎င်း၏လူမှုကွန်ရက်အကောင့်ကိုလည်း ပိတ်လိုက်ပြီဟု သိရသည်။
.
.
.

.
.
.

Photo: สวท.สุไหงโก-ลก
.

SHARE THIS NEWS

OTHER NEWS