10 May 2024

,

အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၁

တနင်္ဂနွေညမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ၂၀၂၂ ကမ္ဘာ့ဖလား တောင်အမေရိကဇုန်ခြေစစ်ပွဲမှာ ခြေစွာတဲ့အိမ်ရှင်အာဂျင်တီးနားအသင်းက ဥရုဂွေးအသင်းကို ၃ ဂိုးပြတ် အနိုင်ယူ။

ယမန်နေ့ညမှာယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား တောင်အမေရိကဇုန်ခြေစစ်ပွဲမှာ အိမ်ရှင်အာဂျင်တီးနားအသင်းက ဥရုဂွေးအသင်းကိုခြေစွမ်းအသာနဲ့ကစားခဲ့ပြီး ၃ ဂိုးပြတ်နဲ့အနိုင်ယူကာ အုပ်စုဒုတိယနေရာကို ရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်မှာခြေချော်ပြီးသရေကျခဲ့တဲ့အတွက် ဒီပွဲမှာတော့ အာဂျင်တီးနားအသင်းနည်းပြကြီး လီအိုနယ် စကာလိုနီဟာ မက်ဆီနဲ့လောင်တာရိုတို့ကို အဓိကထားပြီးပွဲထွက်လာသလို ပြိုက်ဘက်အသင်းရဲ့နည်းပြ အော်စကာ တာဘာရက်ကလည်း လူးဝစ် ဇွာရက်စ်ကို အထောင်တိုက်စစ်နေရာမှာထားပြီးပွဲထွက်လာတာတွေ့ရပါတယ်။

ပွဲကစားချိန် ၆ မိနစ်မှာတင် ဇွာရက်စ်နဲ့မာတီအတ်တို့အပေးအယူလုပ်ပြီး ဂိုးဧရိယာညာဘက်အစပ်နားကနေ အဲသလက်တီကိုတိုက်စစ်မှူးကန်သွင်းခွင့်ရခဲ့ပေမဲ့ အိမ်ရှင်အသင်းဂိုးသမားကကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲကစားချိန်နောက်ထပ် ၃ မိနစ်အကြာမှာတော့ ဘယ်ဖက်ထောင့်ကန်ဘောကို လီအိုနယ် မက်ဆီကအသင်းဖော်နဲ့အပေးအယူလုပ်ပြီး ဂျိုဗာနီ လိုဆေဆိုကိုခင်းပေးလိုက်တဲ့ဘောလုံးကို ဂျိုဗာနီကကန်သွင်းရာမှာ ဂိုးတိုင်နားကနေသီသီလေးလွှဲချော်သွားခဲ့ပါတယ်။

ပွဲကစားချိန် ၂၁ မိနစ်မှာတော့ခရစ္စတီနိုကဖြတ်တင်ပေးလိုက်တဲ့ဘောကို ဖေနေရီဂိုက ဂိုးဧရိယာအလယ်မှာနေရာယူထားတဲ့ လူးဝစ် ဇွာရက်စ်ကိုခင်းပေးလိုက်ပြီး ဇွာရက်စ်ကမြေမကျဘောကန်သွင်းခွင့်ရခဲ့ပေမဲ့ အေမီလီယာနိုက ဒိုက်ပစ်ပြီး ပုတ်ထုတ်နိုင်ခဲ့ပြန်ပါတယ်။

ပွဲကစားချိန် နောက်ထပ် ၅ မိနစ်အကြာမှာ ရိုဒီဂိုက ဂိုးဧရိယာ ၆ ကိုက်အကွာဆီကိုလေဝဲနဲ့ကန်တင်ပေးလိုက်ပြီး လောင်တာရိုက စလိုက်ထိုးပြီးမနားတမ်းကန်သွင်းခဲ့ပေမဲ့ ဂိုးပေါက်နဲ့လွဲချော်သွားခဲ့ပါတယ်။

ပွဲကစားချိန် ၃၈ မိနစ်မှာတော့အိမ်ရှင်အသင်းကဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ လီအိုနယ် မက်ဆီက ၂၅ ကိုက်အကွာကနေ နီကိုလပ်စ်ကိုဖြတ်ကန်ဖို့ကန်တင်ပေးရာမှာ ဘယ်သူနဲ့မှမထိဘဲ ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အိမ်ရှင်အသင်းကဂိုးတွေဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၄၄ မိနစ်မှာ ရိုဒရီဂိုက ဂိုးဧရိယာထဲကနေဂိုးသွင်းယူနိုင်ခဲ့တာ ကြောင့် အိမ်ရှင်အသင်းကဒုတိယဦးဆောင်ဂိုးကိုရရှိခဲ့ပြီး ပထမပိုင်းကိုအဆုံးသတ်ခဲ့ပါတယ်။

ပွဲစဉ်ဒုတိယပိုင်းမှာ အိမ်ရှင်အသင်းကပြိုင်ဘက်အသင်းကို ဆက်လက်ဖိကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၆၂ မိနစ်မှာ တတိယဦးဆောင်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ ရိုဒရစ်ဂိုခင်းပေးလိုက်တဲ့ဘောကို လောင်တာရို ကသာသာယာယာကန်သွင်းခွင့်ရခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် ၇၃ မိနစ်မှာတော့ မက်ဆီခင်းပေးလိုက်တဲ့ဘောကို အန်ဂယ်က ကန်သွင်းခွင့်ရခဲ့ပေမဲ့ ဂိုးသမား ဖေနန်ဒို ကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးလွဲချော်ခဲ့ပါတယ်။

အဲဒီနောက်မှာ နှစ်သင်းစလုံးဂိုးသွင်းယူနိုင်ခြင်းမရှိတဲ့အတွက် အိမ်ရှင်အသင်းက ၃ ဂိုးပြတ်နဲ့အသာစီးရရှိခဲ့ပြီး ၁၀ ပွဲကစားအပြီးမှာ ၂၂ မှတ်ရရှိပြီး အုပ်စုဒုတိယနေရာကိုခုန်တက်နိုင်ခဲ့ပါတယ်။ ဥရုဂွေးအသင်းကတော့ ၁၆ မှတ်သာရရှိထားပြီးအဆင့် ၄ နေရာမှာရပ်တည်နေပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS