29 April 2024

,

ကူးစက်ပြန့်ပွားနေဆဲဖြစ်တဲ့ ကိုဗစ်-၁၉ ကာလအတွင်းမှာ တစ်ကိုယ်ရေးသန့်ရှင်းမှုက ရောဂါကူးစက် ခြင်းကိုကာကွယ်ဖို့ အရမ်းအရေးပါပါတယ်။ အထူးသဖြင့်လက်ကို တတ်နိုင်သလောက်ဆေးကြောရမှာပါ။ ကိုဗစ်ဟာ မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်တို့ကသာကူးစက်နိုင်တာကြောင့် ကိုဗစ်ကူးစက်ခြင်းမခံရဖို့ လက်ကို မကြာခဏဆေးပေးဖို့ လိုပါတယ်။

လေ့လာချက်များအရ

-မှန်ကန်တဲ့နည်းလမ်းနဲ့လက်ကို အနည်းဆုံး ၁၅ စက္ကန့်ခန့်ဆေးပါက ရောဂါကူးစက်နှုန်းကို ၉၀ ရာခိုင်နှုန်းထိ ကာကွယ်နိုင်မှာပါ။

-မျက်ခွံအတွင်းသားရောင်းရန်းခြင်းဝေဒနာခံစားနေရတဲ့သူတွေအဖို့လည်းလက်ကိုစင်ကြယ်စွာဆေးခြင်းက ရောဂါကူးစက်ခံရနှုန်းကို ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။

-အစားအသောက်တွေချက်ပြုတ်တဲ့အခါမှာလည်း လက်ကိုမကြာခဏဆေးခြင်း ဟင်းချက်စရာတွေကို ပြောင်စင်အောင်ဆေးကြောပြီး ကျတ်အောင်ချက်ပြုတ်စားသောက်ခြင်းကလည်း အစားအသောက်က တစ်ဆင့် ရောဂါကူးစက်နှုန်းကို ရှောင်ရှားနိုင်မှာပါ။

ဘယ်လိုအချိန်တွေမှာလက်ဆေးသင့်သလဲ

– အစားအသောက်ချက်ပြုတ်ဖို့မီးဖိုချောင်ဝင်တဲ့အခါ

– အစာမစားမီ

– အိမ်သာတက်ပြီးတဲ့အခါတိုင်း

– လူနာကိုမထိတွေ့မီနှင့်ထိတွေ့ပြီးတဲ့အခါတိုင်း

– အားကစားလုပ်ခြင်း၊ တိရိစ္ဆာန်တွေနဲ့ကစားပြီးတဲ့အခါတိုင် သို့မဟုတ် လက်ညစ်ပတ်တဲ့အချိန်တိုင်း လက်ဆေးပါ

ကိုဗစ်ကာလမှာ လက်ဆေးခြင်းနဲ့ကိုဗစ်ကို အလွယ်တစ်ကူ ကာကွယ်နိုင်တယ်ဆိုပေမယ့်လို့ တစ်ကယ်တမ်းမှာတော့ ကိုဗစ်မဖြစ်ခဲ့သည့်တိုင်း ကျန်းမာရေးကောင်းမွန်ပြီး ရောဂါအဖျာဖျာနဲ့ ကင်းဝေးစေဖို့ လက်ကို အမြဲသန့်စင် သင့်ပါတယ်နော်။

SHARE THIS NEWS

OTHER NEWS